Chinese



တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှု (EXPRESSION OF INTEREST-EOI) အဆိုပြုလွှာတင်ပြရန် ဖိတ်ခေါ်

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့ခွင့် မှတ်ပုံတင်လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှု (EXPRESSION OF INTEREST-EOI) အဆိုပြုလွှာတင်ပြရန် ဖိတ်ခေါ်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲ တင်ပို့လိုသည့် ကုမ္ပဏီများအား မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နှစ်နိုင်ငံ ချုပ်ဆိုထားသော အပင်ကျန်းမာ‌ရေး လိုအပ်ချက် သဘောတူစာချုပ်အရ Sanitary and Phytosanitary (SPS) Protocol သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နှစ်စဉ်ပုံမှန်စိစစ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်သွားမည် ‌ဖြစ်ပါသည်။

.

ဆန်/ဆန်ကွဲ တင်ပို့ခွင့်မှတ်ပုံတင် လျှောက်ထားလိုသည့်ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်းမြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတွင်လည်းကောင်း၊ တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး နည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့ (Technical Working Group) (မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်) တွင်လည်းကောင်း ရယူပြီး (၁) Hard Copy (၂) Soft Copy (Word File) များဖြင့် (၁၉.၅.၂၀၂၃)  ရက်နေ့ နောက်ဆုံးထား၍ အဆိုပြုတင်ပြလျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သတင်းရရှိပါသည်။

ဆက်သွယ်ရန်လိပ်စာ

၁။  စိုက်ပျိုးရေးဦးစီးဌာန 

သီးနှံကာကွယ်ရေးဌာနခွဲ

ဘုရင့်နောင်လမ်းမကြီး၊ အနောက်ကြို့ကုန်း

အင်းစိန်၊ ရန်ကုန်

Ph- 01-644214

Email: directorppddoa@gmail.com

တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေး

၂။   တရုတ်နိုင်ငံသို့ ဆန်/ဆန်ကွဲတင်ပို့နိုင်ရေးနည်းပညာရပ်ဆိုင်ရာလုပ်ငန်းအဖွဲ့

(Technical Working Group)

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံး(UMFCCI ၉လွှာ)

မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ်

01-218266~68 ၊ 01-2301128~29

Email: admin@mrf.com.mm

လျှောက်လွှာရယူရန်

လျှောက်လွှာများအား အောက်ပါ (Word)ဖိုင်၊ https://www.doa.gov.mm , https://ppd.doa.gov.mm နှင့် www.umfcci.com.mm တို့တွင် (Download) ရယူလျှောက်ထားနိုင်ပါသည်။

2 EOI Application Form ဆန် ဆန်ကွဲ.docx

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times
Rate this item
(0 votes)