Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်ဆီထမင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း မိသားစုဆုံတုန်းလေး လွယ်လင့်တကူ လုပ်စားနိုင်တဲ့ ကြက်ဆီထမင်းပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြက်သား၊ ဆန်၊ ကြက်သွန်ဖြူ၊ ချင်း၊ ငံပြာရည်၊ ကြက်သားမှုန့်၊ ဆီ၊ သကြား တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ကြက်သားကို ရေသန့်စင်အောင်ဆေးကြောပြီး ဆား၊ သကြား၊ ကြက်သားမှုန့် တို့နှင့် ရောနယ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူကို ဓားပြားရိုက်၍ ချင်းကို ပါးပါးလှီးထားပါ။

 

ပြီးလျှင်တော့ ဒယ်အိုးထဲဆီထည့်ပြီး ဆီပူလာတဲ့အခါ ကြက်သွန်ဖြူနဲ့ ချင်းကိုထည့်ပြီး ဆီသတ်ပါ။ အနံ့လေးမွှေးလာပြီဆိုရင်တော့ ကြက်သားကိုထည့်လိုက်ပါ။

 

မိနစ်အနည်းငယ်ကြာရင်တော့ ကြက်သားမြုပ်ရုံလောက် ရေထည့်ပြီး တည်လိုက်ပါ။ ကြက်သားတွေလည်း နူးအိသွားပြီဆိုရင် ကြက်ပြုတ်ရည်ကို ဖယ်ထားလိုက်ပါ။

 

ဒယ်အိုးထဲမှာ ချင်း၊ ကြက်သွန်ဖြူနဲ့ ကြက်သားကိုချန်ထားပြီး ဆီနည်းနည်းလောင်း၍ ကြော်ပေးပါ။ ကြက်အရေခွံလေး အညိုရောင်သမ်းပြီဆိုရင်တော့ ကြက်ဆီထမင်းထဲတွင်ပါတဲ့ ကြက်သားက ရသွားပါပြီ။

 

ဆန်ကိုတော့ ရေအစား ကြက်ပြုတ်ရည်နဲ့ ပေါင်းအိုးထဲမှာ နာရီဝက်ကျော်ကြာ ချက်လိုက်ပါ။ နာရီဝက်ကျော်ဆိုရင်တော့ ထမင်းကျက်ပါပြီ။

 

ပြီးနောက် ကြက်ကြော် ကြော်ထားတဲ့ဆီကို ထမင်းထဲထည့်ပြီး နှံ့သွားအောင်မွှေကာ မိနစ်အနည်းငယ်လောက် ထပ်နွှေးထားပါ။

 

ပြီးရင်တော့ ကြက်ဆီထမင်းကျက်ပါပြီ။ အရသာရှိတဲ့ ကြက်ဆီထမင်းပူပူကို ထမင်းပန်းကန်ထဲထည့် ကြက်ဆီထမင်းနဲ့ လိုက်ဖက်တဲ့ သခွားသီး၊ နံနံပင်လေးနဲ့ တွဲဖက်၍ အသင့်သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:18
Rate this item
(1 Vote)