Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်မြို့ကြီးများတွင် ရေခဲရိုက်အစားအစာတင်သွင်းမှုမှ coronavirusကို တွေ့ရှိ

တရုတ်မြို့ကြီးများတွင် ရေခဲရိုက်အစားအစာတင်သွင်းမှုမှ coronavirusကို တွေ့ရှိ Japan Times

တရုတ်နိုင်ငံရှိ မြို့နှစ်မြို့သို့ တင်သွင်းသော ရေခဲရိုက် အစားအစာ ကုန်ပစ္စည်းတွေမှာ coronavirus ရောဂါများ တွေ့ရှိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောကြားခဲ့ပါသည်။

 

ဘရာဇီးလ်နိုင်ငံမှ တရုတ်နိုင်ငံ တောင်ပိုင်းရှန်ကျန်းသို့ တင်သွင်းသော ရေခဲရိုက်ထားသော ကြက်တောင်ပံများနှင့် အနောက်မြောက်ပိုင်း Xian မြို့တွင် ရောင်းချသော ရေခဲရိုက်ထားတဲ့ အီကွေဒေါပုဇွန်တွေမှာ ဗိုင်းရပ်စ်ပိုးကူးစက်မှု positive အပြုသဘောဆောင်ကြောင်း တရုတ်အာဏာပိုင်များကပြောကြားခဲ့သည်။

 

ရှန်ကျန်းအာဏာပိုင်များက ကြက်သား၊ကြက်တောင်ပံတွေက ဘရာဇီးနိုင်ငံရဲ့ တတိယအကြီးဆုံးကြက်နှင့်ဝက်သားတင်ပို့သည့် Aurora ပိုင်စက်ရုံမှဖြစ်တယ်လို့ ဖော်ပြခဲ့သည်။

sain.png

COVID-19 ဖြစ်ပွားမှုသည် တစ်ကမ္ဘာလုံးမှာ အတိုင်းအတာတစ်ခုအထိ ဆက်လက်မြင့်တက်နေပြီး အစားအစာကွင်းဆက်ထဲသို့ ၀င်ရောက်လာနိုင်တဲ့အတွက် စိုးရိမ်မှုများ ဖြစ်ပေါ်နေကြပါတယ်။

 

A woman looks at frozen food products in a Beijing supermarket. Viruses can survive up to two years at temperatures of minus 20 degrees Celsius, but scientists and officials say there is no strong evidence so far the coronavirus can spread via frozen food. | REUTERS

 

အနုတ် ၂၀ ဒီဂရီစင်တီဂရိတ် အပူချိန်မှာ ၎င်းဗိုင်းရပ်စ်တွေက နှစ်နှစ်အထိရှင်သန်နိုင်သော်လည်း သိပ္ပံပညာရှင်များနှင့် တာဝန်ရှိသူတွေက coronavirusသည် အေးခဲနေသော အစားအစာများမှ တစ်ဆင့်ပျံ့နှံ့နိုင်တယ်ဆိုတဲ့ အထောက်အထားတွေကို မစမ်းသပ်ရသေးပါဘူး။

 

"လူတွေဟာ အစားအစာ၊ အစားအစာထုပ်ပိုးမှုနှင့် အစားအစာပို့ဆောင်မှုတွေကို ကြောက်နေဖို့ မလိုအပ်ပါဘူး"လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ရဲ့ အကြီးအကဲ Mike Ryanကပြောကြားခဲ့ပါတယ်။

 

အမေရိကန်အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲမှုနှင့် စိုက်ပျိုးရေးဌာနတို့ ပူးတွဲ ကြေငြာချက်တစ်ခုမှာ "လူတွေက အစားအစာနှင့်အစားအစာထုပ်ပိုးမှုမှ COVID-19ကို ကူးစက်နိုင်တဲ့ အချက်အလက် အထောက်အထားတွေမရှိသေးကြောင်း” ကြေငြာခဲ့ပါတယ်။

 

ဘရာဇီးလ် Auroraမှ ပြောကြားရာမှာ "၎င်းစွပ်စွဲချက်ကို တရုတ်အာဏာပိုင်တွေက တရားဝင်အကြောင်းကြားခြင်းမရှိသေးဘူး။ coronavirus ပျံ့နှံ့မှုကို တားဆီးဖို့အတွက် ဖြစ်နိုင်သမျှလုပ်ဆောင်မှုများပြုလုပ်ထားပြီး အစားအစာကနေ တဆင့်ပျံ့နှံ့တယ်ဆိုတာ မဖြစ်နိုင်ဘူး" လို့ ပြောကြားခဲ့ပါတယ်။

 

ဘရာဇီးစိုက်ပျိုးရေး၀န်ကြီးဌာနက တရုတ်အာဏာပိုင်များထံမှ ရှင်းလင်းချက်တောင်းခံသွားမည် ဖြစ်ကြောင်းလည်းပြောကြားခဲ့ပါတယ်။

 

ရှန်ကျန်းရဲ့ ကျန်းမာရေးအာဏာပိုင်တွေက ၎င်း ဗိုင်းရပ်စ်တွေ့အစားအစာများနှင့် ပတ်သက်ပြီး အဆက်အသွယ်ရှိနိုင်သူတိုင်းကို စစ်ဆေးတဲ့ အခါ ရလဒ်အားလုံးက ဆိုးကျိုးများဖြစ်နေကြောင်း မြို့တော်မှ သတိပေးချက်တွင် ဖော်ပြထားပါတယ်။

 

"ရေခဲရိုက်ထားတဲ့ ကြက်သားက ဘယ်အဆင့်မှာ ရောဂါကူးစက်ခံရလဲဆိုတာ ပြောဖို့က ခဲယဉ်းတယ်"လို့ ဘရာဇီးအသားတင်ပို့သူ တရုတ်အလုပ်သမားတစ်ဦးက ပြောကြားခဲ့ပါတယ်။

 

တင်သွင်းသော အသားနှင့် ပင်လယ်စာမှ ကူးစက်မှုအန္တရာယ်များကို လျှော့ချရန် လူထုအနေဖြင့် ကြိုတင်ကာကွယ်မှုများပြုလုပ်ထားရန် လိုအပ်ကြောင်း ရှန်ကျန်း ကပ်ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးဌာနချုပ်က ပြောကြားခဲ့ပါတယ်။

 

Xian ရှိရာ Shaanxi ပြည်နယ်ရဲ့ ကျန်းမာရေးကော်မရှင်ကအာဏာပိုင်တွေကလည်း ဒေသခံစျေးကွက်မှာ ရောင်းချခဲ့သော ဗိုင်းရပ်စ်တွေ့ပုစွန်ထုတ်ကုန်တွေနဲ့ ဆက်စပ်နေတဲ့ လူတွေနှင့်ပတ်ဝန်းကျင်ကို စစ်ဆေးနေလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

brinto.png

မကြာသေးမီလတွေက အဓိကဆိပ်ကမ်းများသို့ ဝင်ရောက်လာသည့်အသားနှင့်ပင်လယ်စာကွန်တိန်နာများ အားလုံးကို စစ်ဆေးခြင်းအပြင် ဘရာဇီးအပါအ၀င်နေရာအနှံ့မှအသားတင်သွင်းမှုကို တရုတ်က ဇွန်လလယ်ကတည်းက ဆိုင်းငံ့ခဲ့တယ်လို့ သိရပါတယ်။

 

COVID-19 ဖြစ်ပွားမှုက တရုတ်နိုင်ငံ Wuhan ရှိ Huanan ပင်လယ်စာစျေးက စတင်ခဲ့တာဖြစ်ပြီး လေ့လာမှုတွေအရ ဗိုင်းရပ်စ်ကတိရိစ္ဆာန်ထုတ်ကုန်များမှ အစပြုပြီး စျေးထဲရောင်းချခဲ့ရာမှ စတင်ခဲ့တာဖြစ်သည်။

 

Xinfadiစျေးဟာ တရုတ်နိုင်ငံရဲ့မြို့တော်ပေကျင်းမှာ စားနပ်ရိက္ခာအတွက် စျေးကြီးတစ်ခုဖြစ်ပြီး ဇွန်လရဲ့ ရောဂါကူးစက်မှုနဲ့ဆက်နွှယ်နေပါတယ်။

 

Xinfadi စျေးအတွင်း ပထမဆုံးဗိုင်းရပ်စ်ပိုးကူးစက်ပုံကို ဘာကြောင့်ကူးလဲဆိုတာ မဆုံးဖြတ်ရသေးကြောင်း တရုတ်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာက ဇူလိုင်လရဲ့ နောက်ဆုံးစုံစမ်း စစ်ဆေးမှုမှာ ပြောကြားခဲ့ပါတယ်။

 

ဘရာဇီးမှ တင်ပို့သည့် ကြက်သားတွင် Covid-19ဗိုင်းရပ်စ်ပိုးတွေ့ရှိ

 

By Myanmar Food Industry Guide

Ref: JapanTimes

SWy.png

Read times Last modified on Wednesday, 19 August 2020 01:54
Rate this item
(0 votes)