Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြွက်နားရွက်မှိုသုပ်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အသုပ်စားချင်တဲ့သူများအတွက်

အိမ်တွင် လွယ်လင့်တကူ သုပ်စားနိုင်တဲ့ ကြွက်နားရွက်မှိုသုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ကြွက်နားရွက်မှို၊ ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြမ်းမှုန့်၊ ငရုတ်ကောင်းမှုန့်၊ သံပရာရည်၊ သခွားသီး၊ ငရုတ်သီးအနီတောင့်၊ ပဲငံပြာရည်၊ နှမ်းဆီမွှေး၊ ဟင်းခတ်မှုန့်၊ ဆားတို့ လိုအပ်ပါမယ်။

 

ဆီချက်ချက်ရန်အတွက် ပထမဆုံး ဆီကိုအပူပေးပြီး ချင်း၊ ကြက်သွန်ဖြူ၊ ငရုတ်သီးအကြမ်းမှုန့်၊ ငရုတ်ကောင်းမှုန့် တို့ကိုထည့်ပြီး မွှေးလာသည်အထိ တည်ထားပေးပါ။

 

ပြီးလျှင် ချက်ထားသော ဆီချက်မွှေးကို စစ်ကာ ဆီထဲသို့ ဆား၊ ပဲငံပြာရည်တို့ကိုထည့်ပြီး မွှေထားပါ။

 

ပြီးနောက် ရေစိမ်ထားသော ကြွက်နားရွက်မှိုများရဲ့ ထိပ်ပိုင်းကိုဖယ်ပြီး ရေနွေးအိုးထဲထည့်ကာ နူးအောင်ပြုတ်ပြီး ပြန်ဆယ်ထားပေးပါ။

 

သခွားသီးနှင့် ငရုတ်သီးအနီတောင့်ကို လှီးဖြတ်ထားပါ။

 

ပြီးရင်တော့ ဇလုံတစ်လုံးထဲသို့ ကြွက်နားရွက်မှို၊ သခွားသီး၊ ငရုတ်သီးအနီ၊ ဆီချက်မွှေး၊ သံပရာရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ပဲငံပြာရည်တို့ထည့်ကိုထည့်ပြီး နှံ့အောင်မွှေပေးပါ။

 

ပြီးရင်တော့ ပန်ကန်းပြားတစ်ချပ်ထဲသို့ လှယ်ထည့်ကာ ထမင်းပူပူလေးနှင့် တွဲဖက်၍ မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:21
Rate this item
(1 Vote)