Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style သီးရွက်စုံ နှင့် ၀က်အူချောင်း ထမင်းကြော်

အချိန်သိပ်ပေးစရာမလိုဘဲ လွယ်လင့်တကူပြုလုပ်နိုင်တဲ့ Chinese Style သီးရွက်စုံ နှင့် ၀က်အူချောင်း ထမင်းကြော်ကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းများကတော့ ထမင်း၊ ၀က်အူချောင်း၊ မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူး၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ၀က်အူချောင်းများကို ဆီများများဖြင့် အရောင်ရလာသည်အထိ ကြာ်ပေးပါ။

 

ပြီးနောက် ဒယ်အိုးထဲ ဆီ ထည့်ပြီ ဆီပူလာလျှင် ကြက်သွန်ဖြူများကို ဆီပူထိုးပေးပါ။

 

ပြီးလျှင် မုန်လာဥနီ၊ ပြောင်းဖူး၊ ပဲသီးများထည့်ပြီး မိနစ်အနည်းငယ်ခန့် ရောမွှေပေးပါ။

 

ပြီးရင်တော့ ရေအနည်းငယ်၊ ပဲငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်များထည့်ပြီး မိနစ်အနည်းငယ် တည်ပေးထားပါ။

 

ပြီးနောက် ထမင်း၊ ၀က်အူချောင်း များထည့်ပြီး သမအောင် ရောကြော်ပေးပါ။

 

နောက်ဆုံးမှ နှမ်းဆီ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်များကို ဖြူးပြီး မြိန်ယှက်စွာ Chinese Style ထမင်းကြော် ပူပူလေးကို သုံးဆောင်နိုင်ပါတယ်။

 

 

Read times Last modified on Tuesday, 18 September 2018 10:29
Rate this item
(3 votes)