Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ခေါင်းအုံးပုံ ကော်ပြန့်စိမ်း

လုပ်ရတာလည်းလွယ်၊ အချိန်ကုန်သက်သာ၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့အတွက် ပိတ်ရက်မှာ မိသားစုဆုံတုန်းလေး ဆိုင်တွင်သွားရောက်သုံးဆောင်စရာမလိုဘဲ

အိမ်တွင်အတူစားဖို့ ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ကော်ပြန့်စိမ်းဖတ်၊ ကြက်သား (သို့) ၀က်သား (သို့) ပုစွန် (သို့) ဂဏန်း (သို့) ပင်လယ်စာ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ မုန်လာဥနီ၊ ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကျဲ၊ နှမ်းဆီမွှေး၊ တရုတ်မဆလာ၊ တရုတ်နံနံ၊ ဆော့စ်၊ ငရုတ်ကောင်းမှုန့်၊ ကော်မှုန့်နှင့် ဆီ တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး ခပ်သေးသေးလှီးထားပါ။ ပြီးလျှင် ချင်း၊ ကြက်သွန်ဖြူတို့ကို နုတ်နုတ်စင်းထားပါ။

 

ပြီးနောက် ကြက်သွန်နီကို အတုံးသေးလေးတွေ ရအောင် လှီးထားပါ။ မုန်လာဥနီ ကိုလည်း ပါးပါးလှီးထားပါ။ ပြီးရင် ကြက်သား၊ မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို ကြက်သားမှုန့်၊ ခရုဆီ၊ ပဲငံပြာရည်အကျဲ၊ နှမ်းဆီမွှေး၊ တရုတ်မာဆလာ၊ ကော်မှုန့်၊ ဆီ၊ တရုတ်နံနံ၊ ငရုတ်ကောင်းတို့နဲ့ သမအောင် ရောနယ်ထားပါ။


ပြီးရင်တော့ ဒယ်အိုးထဲ ဆီထည့်ပြီး အဆာပလာတွေကို  ကြော်ထားပါ။ အဆာပလာတွေက ခဏလေးနဲ့ ကျက်ပါတယ်။ ပြီးရင်တော့ ကော်ရည်လေး ဖျော်ထားပေးပါ။

 

ပြီးနောက် ကော်ရည်ခပ်ပျစ်ပျစ်လုပ်တာ အထားခံရအောင်ရော၊ စားကောင်းအောင်လို့ဖြစ်ပါတယ်။

 

ကော်ရည် ဆမ်းလိုက်တဲ့ အချိန်ကျရင် မီးလျှော့လိုက်ပါ။ ကော်ရည်ပျစ်လာပြီဆိုရင် ပါးပါးလှီးထားတဲ့ တရုတ်နံနံကို ထည့်ပြီး အုပ်၊ မွှေပြီး မီးပိတ်လိုက်ရင် ရပါပြီ၊ အဆာတွေကို ခဏလေး အအေးခံထားလိုက်ပါ။

ကော်ပြန့်စိမ်းရွက်ကို လေးထောင့်ပုံလေးတွေရအောင် ဖြတ်ထားပါ။ ပြီးတော့ ဗန်းတစ်ခုထဲ ထည့်ခင်းလိုက်ပါ။ ပြီးရင် အဖတ်ထဲကို အပေါ်ကနေ အဆာပလာထည့်၊ ခေါက်လိုက်ရင် အနံ့အရသာနဲ့ ပြည့်စုံလှတဲ့ ခေါင်းအုံးပုံ ကော်ပြန့်စိမ်းလေးကို အချဉ်ရည်၊ ကြက်သွန်မြိတ်တို့နဲ့ မြိန်ယှက်စွာ တည်ခင်း သုံးဆောင်နိုင်ပါတယ်။

 

Read times
Rate this item
(1 Vote)