Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဖက်ထုပ်ဆီချက်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင်သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လွယ်လင့်တကူလုပ်စားနိုင်တဲ့ ဖက်ထုပ်ဆီချက်လုပ်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဖက်ထုပ်အရွက်၊ ကြက်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ ကြက်သွန်မြိတ်၊ ပဲငံပြာရည်အကျဲ၊ ပဲငံပြာရည်အပျစ်၊ ငရုတ်ကောင်းမှုန့်၊ ဆီ၊ ဆား၊ အသားမှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဖြင့် သန့်စင်ဆေးကြောပါ။ ဖက်ထုပ်ထဲ အဆာသွပ်ဖို့အတွက် ကြက်သားကို သီးသန့် ချန်ထားပေးပါ။

 

ပြီးလျှင် ကြက်သွန်ဖြူနှင့် ချင်းကို ဓားပြားရိုက်ထားပါ။ ကြက်သားများကို ကြက်သွန်ဖြူ၊ ချင်း၊ ပဲငံပြာရည်အပျစ်၊ ဆား၊ အသားမှုန့်တို့နဲ့အတူ အသားနူးအောင်ပြုတ်လိုက်ပါ။

 

ကြက်သွန်နီကို ခပ်သေးသေးဖြစ်အောင် ပြုလုပ်ထားပါ။ ကြက်သွန်ဖြူကိုလည်း ခပ်သေးသေးဖြစ်အောင် ပြုလုပ်ထားပါ။

 

ပြီးရင်တော့ သီးသန့်ချန်ထားတဲ့ ကြက်သားကို ခပ်သေးသေး နုပ်နုပ်လေးစဉ်းပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဆား၊ အသားမှုန့်တို့နဲ့နယ်ပြီး နှပ်ထားလိုက်ပါ။

 

ကြက်သားပြုတ်အိုးက အသားနူးရင် အအေးခံပြီး အသားများနွှင်ယူပါ။ မိမိစိတ်ကြိုက်အနေလေးတွေ ပြန်လှီးထားပါ။

 

ကြက်အရေခွံနဲ့ အရိုးကို ဟင်းချိုနဲ့ ဆီချက်လုပ်တဲ့အခါမှာသုံးဖို့ ရေနွေးလိုသလောက်ထပ်ထည့်ပြီး ဆက်ပြုတ်ပါ။ အရိုးများနူးအိပြီး ဟင်းချိုအတွက် အရသာစိတ်ကြိုက်ပြုပြင်ပြီးရင် မီးဖိုပေါ်ကနေ ချနိုင်ပါတယ်။

 

ပြီးနောက် ကြက်သွန်ဖြူအနည်းငယ်ကို ညက်အောင်ပြုလုပ်ပြီး ဆီများများနဲ့ ကျွပ်အောင်ကြော်ကာ ဆီချက်ချက်ထားပါ။

 

ကြက်သွန်မြိတ်ကို ရေဆေးသန့်စင်ပြီး ခပ်သေးသေးနုပ်နုပ်စင်းထားပါ။ ရေကို ပွက်ပွက်ဆူအောင် တည်ထားပါ။ ဖက်ထုပ်အရွက်ထဲကို နှပ်ထားတဲ့အသားထည့်ပြီး လိပ်လိုက်ပါ။

 

အားလုံးအဆာသွပ်ပြီးရင် ရေနွေးဆူဆူထဲထည့်ပြုတ်ပါ။ အပေါ်ဖက်ပေါ်ရင် ဆယ်ယူပြီး ရေစစ်ပါ။ ပန်းကန်လုံးတစ်ခုထဲကို ဖက်ထုပ်ပြုတ်၊ ပဲငံပြာရည်အကျဲ၊ အသားမှုန့်၊ ကြက်သွန်ဖြူဆီချက်ထဲက ဆီနဲ့ အသားပြုတ်ရည်အနည်းငယ်ကိုထည့်ပြီး တူနဲ့နှံ့အောင်နယ်ပါ။

 

အရသာစိတ်ကြိုက်ရရင် အသားပြုတ်၊ ဆီချက်အဖတ်နဲ့ ကြက်သွန်မြိတ်ဖြူး၍ အရသာရှိစွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:19
Rate this item
(4 votes)