Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်တွင် မြန်မာမှ တင်သွင်းသည့် ရေထွက်ပစ္စည်းထဲက COVID 19 ပိုးတွေ့ကြောင်း ထုတ်ပြန်


တရုတ်နိုင်ငံသို့ မြန်မာမှ တင်ပို့သည့် ရေထွက်ပစ္စည်းနမူနာအထုပ်တွင် COVID 19 ပိုးတွေ့ရသဖြင့်

အဆိုပါ မြန်မာကုမ္ပဏီ၏ သွင်းကုန်လျှောက်ထားချက်ကို ယာယီဆိုင်းငံ့ခံရကြောင်း သိရသည်။


မြန်မာမှ တင်သွင်းလာသည့် အေးခဲငါးတံခွန်၏ ပြင်ပအထုပ်နမူနာကို စစ်ဆေးရာ COVID 19 တွေ့ရသဖြင့် မြန်မာရေထွက်ပစ္စည်းလုပ်ငန်းကုမ္ပဏီ Ocean World Coldstore (မှတ်ပုံတင်နံပါတ် YGN/132/OW/DOF)မှ သွင်းကုန် လျှောက်ထားချက်ကို တစ်ပတ်ကြာ ရပ်ဆိုင်း လိုက်သည်ဟု တရုတ်အကောက်ခွန်ဌာနက ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်ကို တွေ့ရသည်။


အလားတူ အင်ဒိုနီးရှား၊ ပါကစ္စတန်နှင့် ရုရှားနိုင်ငံများမှ တင်သွင်းလာသည့် ရေထွက်ပစ္စည်းများတွင် COVID 19 တွေ့ရသည်ဟု ယင်းနေ့မှာပင် ထုတ်ပြန်ထားသည်ကို တွေ့ရသည်>

 

Tachileik News Agency

Read times
Rate this item
(0 votes)