Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဆိုင်မှာလာစားသူများအား အစားအစာ မမှာခင် ကိုယ်အလေးချိန်တိုင်းသည့်အတွက် တောင်းပန်စကားဆို

တရုတ်နိုင်ငံမှာ စားသောက်ဆိုင်တွင် အစားအစာမမှာခင် လာရောက်စားသုံးသူများကို ကိုယ်အလေးချိန်တိုင်းသည့် ကိစ္စနှင့်ပတ်သက်လို့ တောင်းပန်ခဲ့ရပါတယ်။

မကြာသေးခင်က တရုတ်ပြည်ရဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အစားအစာတွေကို ကုန်အောင်မစားလို့ စားကြွင်းစားကျန်တွေ လွှင့်ပစ်ရတာကြောင့် လေလွင့်ပြုန်းတီးနေတဲ့ ပမာဏက တစ်နိုင်ငံလုံး အတိုင်းအတာအရ ကြီးမားလွန်းနေလို့ စိုးရိမ်း ထိတ်လန့်ဖွယ်ရာပါပဲလို့ မိန့်ကြားခဲ့ပါတယ်။ အဲဒီလို မိန့်ကြားခဲ့ခြင်းရဲ့ နောက်ဆက်တွဲအဖြစ် စားသောက်ဆိုင်တွေမှာ လာစားသူတွေဟာ ဟင်းလျာတွေကို အရင်လို မှာချင်တိုင်းမှာလို့ မရအောင် စီမံကြရပါတယ်။

 Rise__75MDG.png

 

စားသောက်ဆိုင်တစ်ဆိုင်ကတော့ လာစားသူတွေကို ကိုယ်အလေးချိန် အရင်ချိန်ခိုင်းပြီး ကိုယ်အလေးချိန်အရ ဟင်းလျာအမျိုးအစားနဲ့ အရေအတွက်တို့ကို သတ်မှတ်ပေးပါတယ်။ အဲဒီလို ဆောင်ရွက်တာအတွက် ဝေဖန်ပြောဆိုမှုတွေ ပေါ်ထွက်ခဲ့ပါတယ်။

 

စားသောက်ဆိုင်မှပြောကြားခဲ့တာက '' ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က အစားအစား ဖြုန်းတီးမှုတွေကို လျော့ ချဖို့ပါပဲ ၊ ကျွန်တော်တို့ အနေတဲ့ လာရောက်စားသုံးသူတွေကို လျော့စားစေဖို့တိုက်တွန်းတာ မဟုတ်ပါဘူး။ စားသုံးသူတွေကို အတင်းကာရော ကိုယ်အလေးချိန် တိုင်းဖို့မတိုက်တွန်းပါဘူး '' ဆိုကာ တရုတ်နိုင်ငံရဲ့ ဆိုရှယ်မီဒီယာ Weibo ပေါ်တင်ခဲ့ပါတယ်။


မည်သို့ပင်ဆိုစေကာမှု သူတို့အနေနှင့် စိတ်အနှောက်အယှက်ဖြစ်စေခဲ့မှုတွေအပေါ် အမှန်တကယ်တောင်းပန်ကြောင်းလည်း ပြောကြားထားပါတယ်။

အဆိုပါ ဖြစ်စဉ်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ ဩဂုတ်လ ၁၃ရက်မှာ စတင်ခဲ့တာဖြစ်ပြီး ဆိုင်ဝင်ပေါက်နားမှာ နေရာ ခပ်ကျယ်ကျယ် သတ်မှတ်ထားပြီး စားသုံးသူတွေမှာယူမည့် အစားအသောက်ကို မေးမြန်းကာ ဆိုင်ရဲ့ တီထွင် ဖန်တီး ထားတဲ့ App နဲ့ ၎င်း လူရဲ့ ကိုယ်အလေးချိန်နဲ့ ကယ်လိုရီ လောင်ကျွမ်းအား စသည်တို့ကို ကြည့်ပြီး မှာသင့်သလောက်ကို ပြန်ပြောပေးပါတယ်။

အဆိုပါ ကိုယ်အလေးချိန်အရ မှာသင့်သလာက်ခန့်မှန်းချက်မှာ - ပေါင် ၉၀ ( ၄၀ ကီလိုဂရမ် ) အောက်အမျိုးသမီး တစ်ဦး အနေနှင့် ပန်းကန် ၂ ပန်းကန်ထက်ပို မမှာသင့်ကြောင်း၊ ထိုခန့်မှန်းချက်ထဲတွင် အမျိုးသား ပေါင် ၁၈၀ ( ၈၀ ကီလိုဂရမ် ) အထက်က ၃ ပန်းကန်အထိသာ မှာသင့်ကြောင်း ထိုထဲတွင်မှ အမဲ အိုးပူကပ်ကျော်နှင့် ငါးခေါင်းပေါင်း ပါဝင် ကြောင်းသိရှိရပါတယ်။

အဆိုပါ စားသောက်ဆိုင်ရဲ့ Weibo မှာ တင်ရှိထားတဲ့ Post ကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ထိ မြင်တွေ့သူမှာ သန်း ၁၂၀ ကျော်ကြောင်း သိရှိရပါတယ်။

အသုံးပြုသူတစ်ဦးရဲ့ ပြောကြားချက်အရ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ Campaign ကို ကြေညာပေးတဲ့ နည်းလမ်းတွေက အများကြီးရှိပါတယ် စားသောက်ဆိုင်အနေနဲ့ အခုလို လူတွေရဲ့ အမြင်ကို ဖမ်းစားတဲ့နည်းလမ်းဖြင့် လုပ်ဖို့ မလိုအပ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

Chuiyan အမဲကြော် လုပ်ငန်းစုမှ တည်ထောင်သူ Tan Yan ပြောကြားချက်ကတော့ လူတွေအနေနဲ့ စိတ်ပျက်နေမည့်အစား အခုလို စိတ်ကူးကြောင့် ထောင်ချီတဲ့ စားသုံးသူတွေ သိရှိကုန်တာဟာ အမှန်တကယ်တော့ ကောင်းပါတယ်လို့ပြောကြားခဲ့ပါတယ်။

အခု လုပ်ရှားမှုဟာ စေတနာ အလျောက်ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဘီကျင်းသတင်းမှာ ပြီးခဲ့တဲ့ စနေနေ့က ပြောကြားခဲ့ပါတယ်။

အမျိုးသမီးစားသုံးသူတွေအနေနဲ့ ပေါင်ချိန်ရတာကို ကြိုက်ကြပါတယ်။ ၎င်းတို့ရဲ့ ကိုယ်အလေးချိန်ကို တခြားသူတွေ မသိကြရပါဘူး။ သူတို့ရဲ့ ဖုန်းတွေထဲကို ပို့ပေးတာပါ။ အမျိုးသမီးတွေရဲ့ ကိုယ်ရေးကိုယ်တာကို လုံး၀ထိခိုက်မှု မရှိပါဘူး။

ထို့အပြင် The weigh-before-you-order campaign ကလည်းဆက်လက်သွားနေမှာဖြစ်ပြီး သူတို့ လုပ်ငန်းစုမှလည်း ၎င်းနည်းလမ်းများကို ပိုမိုတိုးတက်စေမည့်နည်းလမ်းကိုရှာဖွေမှာပါ ဥပမာ အစားအစာ များရဲ့ ပန်းကန်တစ်ခုချင်းစီအလိုက် ကယ်လိုရီနဲ့ အာဟာရ အရေအတွက်ကိုပါ အချက်အလက်ကျကျ ထည့်သွင်းဖော်ပြပေးမယ်သိရပါတယ်။

သမ္မတ ရှီကျင့်ဖျင်အနေနဲ့ အစားအစာ များ မဖြုန်းတီးရေးကို ပြောကြားပြီးနောက် စားသောက်ဆိုင်များ အွန်လ်ိုင်း ပလက်ဖောင်းများမှာသာမက အစားအစာရေးရာ နယ်ပယ်မှလည်း တုန့်ပြန်ခဲ့ကြပါတယ်။

Wuhan စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းက အုပ်စုဖြင့် လာရောက်စားသောက်ကြသည့်အခါ ညစာစားသူအရေအတွက်ထက် ဟင်းလျာပန်းကန် အရေတွက် တစ်ပန်းကန် လျော့ပြီး ရောင်းချရမည့် ညစာစားသူဦးရေ (Number of diners) အနုတ် တစ် ဖြစ်သော N-1 စနစ်ကို စတင်ကျင့်သုံးစေသည်။လူ (၁၀) ယောက်တစ်ဖွဲ့ ညစာ အတူလာစားကြသည်ဆိုပါက ဟင်းပွဲ ၉ မျိုးကိုသာ မှာယူနိုင်ပါသည်။

ထို့အတူ တရုတ်နိုင်ငံရဲ့ အရှေ့မြောက်ပိုင်းမှာဆို N- 2 စနစ်ကို စတင်တယ်သိရပြီး ‌N - စနစ်ဟာ လူ (၁၀) ယောက်တစ်ဖွဲ့ ညစာ အတူလာစားကြသည်ဆိုပါက ဟင်းပွဲ ၈ မျိုးကိုသာ မှာယူနိုင်မှာဖြစ်ပါတယ်။

Liaoning စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းရဲ့ ပြောကြားချက်ကတော့ သူတို့ အနေနဲ့ '' အစားအစာ ဖြုန်းတီးမှုများကို ကာကွယ်တဲ့ အနေနဲ့ ထုတ်လုပ်မှု ၊ ဝန်ဆောင်မှုများတွင် ပါ အလေအလွင့်မရှိ နိုင်ရန် ဆောင်ရွက်သွားမှာပါ '' ဆိုကာ Liaoning နေ့စဉ်သတင်းစာမှာဖော်ပြခဲ့ပါတယ်။

 

ယခင်သတင်း ဖတ်ရှုရန်

တရုတ်နိုင်ငံရှိ စားသောက်ဆိုင်များတွင် N-1 စနစ် စတင်ကျင့်သုံး

By Myanmar Food Industry Guide

Ref: SCMP

 

TUN_TANUK_MYANY_CO_LDT.png

Read times Last modified on Thursday, 20 August 2020 17:37
Rate this item
(0 votes)