Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


လယ်ယာထွက်ကုန်ပစ္စည်းကဏ္ဍတွင် ကုန်သွယ်မှုလိုငွေပြပမာဏ မြင့်တက်လာသည့် တရုတ်နိုင်ငံ

လယ်ယာထွက်ကုန်ပစ္စည်းကဏ္ဍတွင် ကုန်သွယ်မှုလိုငွေပြပမာဏ မြင့်တက်လာသည့် တရုတ်နိုင်ငံ Google

တရုတ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည့် စာရင်းများအရ

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လ(ပထမ(၇)လတာ) ကာလအတွင်း တရုတ်နိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏ၌ ကုန်သွယ်မှု လိုငွေပြမှု ပမာဏ အမေရိကန်ဒေါ်လာ (၅၄.၂၉) ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့် နှစ်ကာလတူထက် (၃၀.၉) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည် ဟုသိရသည်။

 

ထိုကာလ အတွင်းလယ်ယာထွက်ကုန်ပစ္စည်းများတင်သွင်းမှုပမာဏ အမေရိကန်ဒေါ်လာ (၉၆.၁၈) ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ်ကာလတူထက် (၁၃.၄) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ (၄၁.၈၉) ဘီလီယံသို့ ရောက်ရှိခဲ့သည့်အတွက် ပြီးခဲ့ သည့် နှစ်ထက်(၃.၃)ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

 

အဆိုပါကာလများအတွင်း လယ်ယာထွက်ကုန်ပစ္စည်းများ ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိ ကန်ဒေါ်လာ (၁၃၈.၀၇) ဘီလီယံရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်ထက် (၇.၈) ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ပြောင်းဖူးစုစုပေါင်းတန်ချိန် (၄.၅၇) သန်းတင်သွင်းနိုင်ခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် (၃၀.၇) ရာခိုင်နှုန်း မြင့်တက်လာခဲ့ပြီး ဝက်သား စုစုပေါင်းတန်ချိန် (၂.၅) သန်း တင်သွင်းခဲ့သည့်အတွက် ပြီးခဲ့သည့်နှစ် ကာလတူထက် (၁၅၀) ရာခိုင်နှုန်း ကျော်လွန် ရောက်ရှိခဲ့သည်ဟု သိရသည်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)