Chinese



ယခုဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတန်ချိန် ၃၀၀၀၀ ခန့်တင်ပို့ထား

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်မှုအနေဖြင့် ကချင်ပြည်နယ်ရှိ လွယ်ဂျယ် နယ်စပ်ကုန်သွယ်ရေးစခန်းက ယခုဏ္ဍာနှစ်

ဧပြီလမှ ဒီဇင်ဘာလထိ တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတန်ချိန် ၃၀,၀၀၀ ခန့်တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ကုန်သွယ်မှုမူဝါဒဌာနခွဲမှ ညွှန်ကြားရေးမှူးက ပြောပြ၍သိရသည်။

 

ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျောတင်ပို့ရန်၊ မှတ်ပုံတင်ထားပြီးဖြစ်သည့် ကုမ္ပဏီ ၃၂ ခု၏ စိုက်ဧက ၅၀,၀၀၀ ကျော်မှထွက်ရှိသည့် တစ်သျှူးငှက်ပျောများကို ပြည်တွင်းစားသုံးမှုမရှိဘဲ ပြည်ပတင်ပို့ရန် သီးသန့်စိုက်ပျိုးခြင်းဖြစ်ကြောင်း သိရသည်။

 Ko Thein Zaw s

“ကချင်ပြည်နယ်ရှိ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းအနေနဲ့ အဓိကပို့ကုန်ဖြစ်တဲ့ တစ်သျှူးငှက်ပျော တင်ပို့နိုင်မှုကတော့ အခုဘဏ္ဍာနှစ် ဧပြီလကနေ ဒီဇင်ဘာလကုန်ထိ ပို့ကုန်ယာဉ်အစီးရေ ၁,၀၀၀ လောက်တင်ပို့နိုင်ခဲ့ပါတယ်။ ပို့ကုန်ယာဉ်တစ်စီးမှာ တစ်သျှူးငှက်ပျောတန်ချိန် ၃၀ လောက်ပါရှိတဲ့အတွက် ပို့ကုန်တန်ချိန် ၃၀,၀၀၀ လောက် တင်ပို့ပြီး ဖြစ်ပါတယ်။ ဒီလိုတင်ပို့ရာမှာ တရုတ်နိုင်ငံကို တရားဝင်တင်ပို့ဖို့အတွက် မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီ ၃၂ ခုက တင်ပို့တာဖြစ်ပါတယ်” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ကုန်သွယ်မှုမူဝါဒဌာနခွဲမှ ညွှန်ကြားရေးမှူးက ပြောပြသည်။

 

ကချင်ပြည်နယ်အတွင်း ကိုဗစ်ကာလမတိုင်မီက တစ်သျှူးငှက်ပျော စိုက်ဧက ၇၀,၀၀၀ ရှိပြီး လက်ရှိတွင် စိုက်ဧက ၅၀,၀၀၀ ခန့်သာကျန်ရှိ‌နေသော်လည်း တစ်ဧကဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၆,၀၀၀ ခန့်ရှိသည့်အတွက် တိုးချဲ့စိုက်ပျိုးသင့်သည့် ပြည်ပပို့သီးနှံဖြစ်ကြောင်း သိရသည်။

 

အဆိုပါကုန်သွယ်ရေးစခန်းက အဓိကတင်ပို့လျက်ရှိသည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ပဲတီစိမ်း၊ မြေထောက်ပဲ၊ သီဟိုဠ်စေ့၊ ဆန်၊ ကြံ၊ ဆန်ကွဲ၊ ငရုတ်၊ ရော်ဘာနှင့် ထောပတ်ပဲတို့ဖြစ်ပြီး သွင်းကုန်အနေဖြင့် လျှပ်စစ်ပစ္စည်း၊ ဆေးဝါး၊ ယာဉ်ပစ္စည်း၊ စားသောက်ကုန်တို့ဖြစ်ကြောင်းသိရသည်။

 

Join Telegram Channel >>> https://t.me/Guid4U

Source: YDNP

Myanmar Food Industry Guide

 

 

Read times Last modified on Wednesday, 18 January 2023 16:02
Rate this item
(0 votes)