Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားပြားကြော်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကလေးများအကြိုက်တွေ့စေမည့်အပြင်

ဝက်သားချည်းစားရတာ ရိုးအီသွားသူများအတွက် ၀က်သားကို တန်ပူရာမှုန့်နဲ့နယ်ထားတဲ့ အသားပြားကြော်နည်းလေးအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

 

လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ တန်ပူရာမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ နနွင်းမှုန့်၊ ဆီ တို့ လိုအပ်ပါမယ်။

 


ပထမဦးဆုံး ၀က်သားကို ရေဆေးသန့်စင်ပြီး အသားပြားဖြစ်အောင် လှီးဖြတ်ထားပါ။ ပြီးလျှင် တန်ပူရာမှုန့်၊ နနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်တို့ကို ရေနဲ့ရောပြီး သမအောင်မွှေပြီး ခပ်ပျစ်ပျစ်ဖျော်ထားပါ။

 

 

မုန့်နှစ်ပျစ်ဖို့အတွက် ရေကို နည်းနည်းပဲ ထည့်ဖျော်ပေးပါ။ အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ လှီးထားသော ဝက်သားပြားကို နှစ်ပေးထားပါ။

 

 

ဆီကို မီးအပူပေးပြီး ဆီကျက်လာပါက ဝက်သားကို မုန့်နှစ်လူးပြီး တစ်တုံးခြင်း ထည့်ကြော်ပေးပါ။ မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးရပါမယ်။ မီးအရမ်းများပါက ဝက်သားအထဲကမကျက်ဘဲ ဖြစ်နေတတ်ပါ တယ်။

 

ဝက်သားပြားကြော်ကို တစ်ဖက်ရွှေဝါရောင်သန်းလာပါက တစ်ဖက်ကိုလှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာပါက ဆယ်လိုက်ပြီး ဆီစစ်ပေးထားပါ။

 

ဆီစစ်ပြီးသွားပါက ဝက်သားပြားကြော် ကြွတ်ကြွတ် ရွရွလေးကို နှစ်သက်ရာ အချဉ်နဲ့တွဲဖက်ပြီးစားနိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:22
Rate this item
(3 votes)