Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ထိုင်းသစ်သီး တင်သွင်းရန် နယ်ခြားဂိတ်တစ်ခု တရုတ်ပြန်ဖွင့်ပေး

ထိုင်းသစ်သီး တင်သွင်းရန် နယ်ခြားဂိတ်တစ်ခု တရုတ်ပြန်ဖွင့်ပေး

တရုတ်နိုင်ငံက Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသရှိ တရုတ်နယ်စပ်ဂိတ် Ping Xiang မှတစ်ဆင့် ထိုင်းသစ်သီးအမျိုးမျိုးတို့ကို ရထားဖြင့် တင်သွင်းခြင်းကို ဇန်နဝါရီလ ၄ ရက်တွင် စတင်ဖွင့်ပေးလိုက်သည်။

တရုတ်နိုင်ငံသည် သစ်သီးအမျိုးမျိုး အပါအဝင် စိုက်ပျိုးရေးထုတ်ကုန်များမှတစ်ဆင့် Covid-19 ပျံပွားခြ်းကို ကာကွယ်ရန် ဗီယက်နမ်နယ်စပ်ရှိ Donxing စစ်ဆေးရေး ဂိတ်ကို ပိတ်ထားသည်။ စိုက်ပျိုးရေးထုတ်ကုန်များ တင်ပို့ခွင့် မရတော့သဖြင့် စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီး Chalermchai Sri-on က ထိုင်းနိုင်ငံရှိ တရုတ်သံအမတ်နှင့် တွေ့ဆုံကာ မည်သို့ဖြေရှင်းပေးနိုင်မည်ကို အကြံဉာဏ် တောင်းခံခဲ့သည်။
ထိုသို့ တွေ့ဆုံမှု ရလဒ်အဖြစ် တရုတ်အာဏာပိုင်များက ထိုင်းသစ်သီးများကို တရုတ်နိုင်ငံသို့ ရထားဖြင့် တင်ပို့နိုင်ရန် Ping Xiang ဖွင့်ပေးမည့် ကတိကဝတ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။

Donxing စစ်ဆေးရေးဂိတ် ပိတ်ထားခြင်းကြောင့် ထိုင်းမှ တင်ပို့မည့် ဒူရင်းသီးများနှင့် ကနစိုသီးများ နယ်စပ်တွင် သောင်တင်နေသည်။
သစ်သီးတင်ပို့မည့်သူများသည် ယာဉ်မောင်းများ အပါအဝင် သစ်သီးများတွင် Covid-19 ဗိုင်းရပ်စ် ကင်းစင်အောင် အထူးဂရုပြုရန် ထိုင်းအစိုးရက ညွှန်ကြားထားသည်။ အကယ်၍ သစ်သီးများတွင် Covid-19 ဗိုင်းရပ်စ် တွေ့ရှိပါက နယ်စပ်ဂိတ်ကို ချက်ချင်း ပြန်ပိတ်မည်ဖြစ်သည်။

စိုက်ပျိုးရေးနှင့် သမဝါယမဝန်ကြီးဌာနတို့မှ ထုတ်ပြန်သောအချက်အလက်များအရ ထိုင်းသစ်သီး တန်ချိန် ၂ သန်း၊ တန်ဖိုးအားဖြင့် ဘတ် ၁၄၈ သန်းဖိုးကို ၂၀၂၁ ခုနှစ် ဇန်နဝါလမှ အောက်တိုဘာလအတွင်း တင်ပို့နိုင်ခဲ့သည်။

bangkokpost.com

Read times Last modified on Tuesday, 04 January 2022 23:49
Rate this item
(0 votes)