Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ အေးခဲအစားအစာများ (သစ်သီးစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ အပါအဝင်) ထုတ်လုပ်တင်ပို့ရာတွင် လိုက်နာရမည့်အချက်များ အသိပေးအကြောင်းကြား

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ထုတ်လုပ်တင်ပို့လျက်ရှိသည့် အေးခဲအစားအစာများ (( သစ်သီးစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ အပါအဝင်)ကို

ထုတ်လုပ်တင်ပို့ရာတွင် လိုက်နာဆောင်ရွက်ရန် လိုအပ်သည့်အချက်အလက်များနှင့်ပတ်သက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့၊ သွင်းကုန်နှင့် ပို့ကုန် ၊ အစားအစာ ဘေးကင်းလုံခြုံရေးဗျူရို (Bureau of Import and Export Food Safety of the General Administration of Customs of China-GACC) မှ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ မြန်မာသံရုံးမှတစ်ဆင့် အသိပေး အကြောင်းကြားထားပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် နိုင်ငံအတွင်းသို့ တင်သွင်းလာမည့် အေးခဲအစားအစာများ ထုတ်လုပ်ရာ၌ ကမ္ဘာ့နိုင်ငံအများစုတွင် ဖြစ်ပွားလျက်ရှိသည့် covID-19 ကမ္ဘာ့ကပ်ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်ထိန်းချုပ်နိုင်မည့်နည်းပညာများနှင့်ပတ်သက်၍ တရုတ် နိုင်ငံ၊ နိုင်ငံတော်ကောင်စီမှ ၁၆-၁၀-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
အဆိုပါထုတ်ပြန်ကြေညာချက်တွင် အစားအစာများ ထုတ်လုပ်သည့်လုပ်ငန်းများ၌ လုပ်ကိုင်လျက်ရှိသည့် အလုပ်သမားများအနေဖြင့် ကိုယ်အပူချိန်ပုံမှန်တိုင်းတာရန်၊ nucleic acid test ပုံမှန်စစ်ဆေးရန်၊ လုပ်ငန်းခွင်နေရာများအား ပုံမှန်ဆေးဖြန်းခြင်း၊ ပိုးသတ်ခြင်း၊
သန့်ရှင်းရေးပြုလုပ်ခြင်း စသည့်အချက်များ ပါရှိပါသည်။
တရုတ်နိုင်ငံရှိ အေးခဲအစားအစာများ ထုတ်လုပ်လျက်ရှိသည့် လုပ်ငန်းများအနေဖြင့်အဆိုပါစည်းကမ်းချက်များနှင့်အညီ လိုက်ပါဆောင်ရွက်၍ လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် COVD-19 ကူးစက်ရောဂါပျံ့နှံ့ခြင်းမှ ကာကွယ်လျက်ရှိပါသည်။
သို့ဖြစ်ရာ မြန်မာနိုင်ငံ၌ အေးခဲအစားအစာများ ( သစ်သီးစသည့် လယ်ယာထွက်ကုန်ပစ္စည်းများ အပါအဝင်) ထုတ်လုပ်၍ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည့်လုပ်ငန်းများအနေဖြင့်လည်း အဆိုပါစည်းကမ်းချက်များအား အလားတူ လိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။

ကုန်သွယ်မှုတိုးတက်လာစေရန်၊ စားသုံးသူများ၏ ယုံကြည်စိတ်ချရမှု မြင့်တက်လာစေရန်နှင့် ဈေးကွက်တည်ငြိမ်မှုရှိစေရန် သက်ဆိုင်ရာလုပ်ငန်းများအနေဖြင့် ကုန်ပစ္စည်းများ ထုတ်လုပ်ရာတွင် အဆိုပါစည်းကမ်းချက်များနှင့်အညီ လိုက်ပါဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းထားပါသည်။

တရုတ်နိုင်ငံသို့ တင်ပို့မည့် အေးခဲအစားအစာများ ( သစ်သီးစသည့် လယ်ယာထွက်ကုန်ပစ္စည်းများအပါအဝင်) ၊ အဆိုပါကုန်စည်များအား ထုတ်ပိုးထားသည့် ထုတ်ပိုးခွံများအား တင်ပို့ခြင်းမပြုမီ COVD-19 ရောဂါပိုး ရှိ/မရှိစမ်းသပ်စစ်ဆေးခြင်းဖြင့် သက်ဆိုင်ရာ
ရောဂါကာကွယ်ထိန်းချုပ်သည့် စီမံဆောင်ရွက်မှုများ၏ အကျိုးသက်ရောက်မှုအား သက်သေပြနိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၌ မြန်မာနိုင်ငံထုတ်ကုန်စည်များအပေါ် ယုံကြည်စိတ်ခ်ျရမှု မြင့်တက်လာစေမည်ဖြစ်ပါသည်။

Read times
Rate this item
(0 votes)