Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Style ကြက်သားကော်ရည်ဆမ်း အချိုချက်

တရုတ်ဟင်းလျာ စားဖွယ်ရာ တစ်မျိုးဖြစ်ပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ကြက်သားကော်ရည်ဆမ်း အချိုချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများကတော့ ကြက်သား၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ သကြား၊ ဆား၊ နနွင်းမှုန့်၊ ကော်မှုန့်၊ ဆီ တို့လိုအပ်ပါမယ်။

 

ပထမဦးဆုံး ကြက်သားကို ရေဆေးသန့်စင်ပြီး အနေတော် အတုံးလေးတွေ တုံးထားပါ။

 

ပြီးလျှင် ဆား၊ နနွင်းမှုန့် ထောင်းထားသော ကြက်သွန်ဖြူတို့နဲ့ အရသာဝင်အောင် နယ်ထားပြီး မိနစ်၂၀လောက် နှပ်ထားပါ။

 


ပြီးနောက်  ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်နုတ်နုတ် လှီးထားပါ။

 


ပြီးလျှင် ကြက်သွန်နီနှစ်လုံးကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ တစ်လုံးကို ရှစ်စိတ် စိတ်ထားပါ။ အလုံးသေးတဲ့ ကြက်သွန်နီကို သုံးပါက အလုံးလိုက် ထည့်ချက်ပါ။

 


ပြီးနောက်မှုန့်ကို ရေအနည်းငယ်နှင့်ဖျော်ထားပါ။

 


ပြီးရင်တော့ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် သကြားများထည့်ကာ သကြားနီညှိရောင်သန်းလာသည်အထိ ကြော်ပေးပါ။

 

ပြီးနောက် သကြားကြော်နေစဉ် အိုးမကပ်စေရန် အဆက်မပြတ် မွှေပေးပါ။

 

ပြီးလျှင် သကြား နီညှိရောင်သန်းလာတာနဲ့ နှပ်ထားသော ကြက်သားများကို ထည့်ကာ ၃မိနစ်ခန့် လုံးချက်ပေးပါ။

 

ပြီးရင်တော့ လုံးချက်လေးရတာနဲ့ ဒယ်အိုးထဲ ကြက်သားမြုပ်အောင် ရေထည့်ကာ အဖုံးအုပ်ကာ ချက်ပေးပါ။

 

ပြီးလျှင် ရေမခမ်းခင် အဖတ်လေးများရအောင် စိတ်ထားသော ကြက်သွန်နီကို ထည့်ချက်ပေးပါ။

 

ပြီးနောက်   ကြက်သွန်နီများ အရမ်းမနူးခင် ရေဖျော်ထားသော ကော်ရည်ကိုထည့်ကာ ပြစ်လာအောင် မွှေပေးပါ။

 

နောက်ဆုံးတွင် ရေခမ်းပြီး  ကော်ရည်ပြစ်လာပြီဆိုတာနဲ့ မီးပိတ်ပေးပြီးရင်တော့ ကြက်သားကော်ရည်ဆမ်း အချိုချက် မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ မြိန်ယှက်စွာ တည်ခင်းသုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 05 February 2019 17:36
Rate this item
(3 votes)