Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ယူနန် စပျစ်နီ ပြည်ပတင်ပို့ရန် ယခုနှစ်မှာ အခက်အခဲများ ရင်ဆိုင်နေရ

ယူနန် စပျစ်နီ ပြည်ပတင်ပို့ရန် ယခုနှစ်မှာ အခက်အခဲများ ရင်ဆိုင်နေရ

ယခုနှစ်မှာ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ စပျစ်နီ Red grape များ ပြည်ပတင်ပို့ရန် အခက်အခဲများ ရင်ဆိုင်နေရပြီး ဈေးကွက်ထဲမှာ ပြိုင်ဆိုင်မှုများလည်း ပြင်းထန်နေပါတယ်။ 

 

တရုတ်နိုင်ငံက စားပွဲတင် စပျစ်သီးများ  ထုတ်လုပ်မှု အများဆုံး ဖြစ်သလို စားသုံးမှုလည်း များပြားပါတယ်။ 

 

တရုတ်ပြည်မှာ စပျစ်စိုက်ပျိုးခဲ့တဲ့ သမိုင်းကြောင်းက ရင့်ကြာခဲ့ပါပြီ။ ပြည်တွင်းဈေးကွက် ကြီးမားတဲ့အပြင် တရုတ်နိုင်ငံက ပစ္စည်းပေးပို့ကွင်းဆက် အားသာချက်၊ ဈေးနှုန်း အားသာချက်များ ရှိနေခဲ့ဖူးပါတယ်။ 

တရုတ်စပျစ်ကို အရှေ့တောင်အာရှ ဈေးကွက်များမှာ အမြဲတမ်း ဝယ်လိုအား ကောင်းပါတယ်။ ပြည်ပပို့ကုန် ဈေးကွက်မှာ စပျစ်နီများဟာ အရေးပါတဲ့ စပျစ်မျိုး ဖြစ်ပါတယ်။ 

 

Zhangpu Yicai Fruit & Vegetable Co., Ltd.  မှာ Ms. Grace က စပျစ်နီ ပြည်ပတင်ပို့တဲ့ ဈေးကွက် အခြေအနေများကို ပြောပြပါတယ်။ 

“ဇွန်လမှ သြဂုတ်လအထိ  ယူနန်ပြည်နယ်မှာ  စပျစ်သီးနီထွက်တဲ့ ရာသီ ဖြစ်ပါတယ်။ ယခုနှစ် အထွက်နှုန်းက ယမန်နှစ် အထွက်နှုန်းနဲ့ မတိမ်းမယိမ်းပါပဲ။ ပြည်ပပို့ကုန်ဈေးနှုန်းတွေကလည်း အတူတူပါပဲ။ ဒါပေမဲ့ ပြည်ပတင်ပို့တဲ့ အခြေအနေတွေကတော့ ယမန်နှစ်လို အတူတူ ဖြစ်လိမ့်မယ်လို့ ကျွန်မတို့ မထင်ပါဘူး။ နိုင်ငံတကာဈေးကွက်အပေါ် Covid-19  ဆိုးကျိုးသက်ရောက်မှုက ကြီးမားပါတယ်။ ဝယ်လိုအားတွေ အားနည်းကုန်တယ်။ 

အဲဒါအပြင် ပင်လယ်ရပ်ခြားဈေးကွက်တွေထဲ  တရုတ်စပျစ်တွေ ဝင်ရောက်တဲ့အခါမှာ ဩစတေးလျ၊ အီဂျစ်နဲ့ အခြားနိုင်ငံများမှ ဝင်လာတဲ့ စပျစ်တွေကို ယှဉ်ပြိုင်ကြရပါတယ်။ ဝယ်လိုအားတွေ အားနည်းနေတော့ ဈေးကွက်ထဲ ပြိင်ဆိုင်မှုက ပြင်းထန်ပါတယ်။ စပျစ်သီးကို ရွေးချယ်တဲ့အခါ တရုတ်စပျစ်ကို ပထမဆုံး ရွေးချယ်တာ ဖြစ်ချင်မှာ ဖြစ်မယ်။ အရင်ဆုံး ရွေးစရာဆိုလို့ တရုတ်စပျစ်ပဲ ရှိတာမျိုးလည်း မဟုတ်ပါဘူး" လို့ သူက ပြောပြပါတယ်။

"တရုတ်ပြည်တွင်းမှာ စပျစ်စိုက်ခင်းတွေ တဖြည်းဖြည်းနဲ့ ပျံ့နှံ့သွားလို့ နိုင်ငံမှာ စပျစ်စိုက်ပျိုးတဲ့ ဧရိယာက ကြီးမားပါတယ်။ ဒါပေမဲ့ အမြင့်တန်း စပျစ်အမျိုးအစားများက ပြည်တွင်းဈေးကွက်ထဲမှာ ဈေးမြင့်နေဆဲပါပဲ။ နိုင်ငံတကာဈေးကွက်ထဲ ယှဉ်ပြိုင်ဖို့ ဈေးကြီးလွန်းနေပါတယ်" လို့ Ms. Grace က ပြောကြားပါတယ်။ 

 

ကပ်ရောဂါရဲ့ ဆိုးကျိုးသက်ရောက်မှုများနှင့် သင်္ဘောတန်ဆာခများ မြင့်မားနေလို့ ကုန်ကျစရိတ်ကြီးမားနေတဲ့အကြောင်း မေးမြန်းတဲ့အခါ Ms. Grace က ဖြေကြားပါတယ်။ 

"ကပ်ရောဂါ အစပိုင်းမှာ ဆိပ်ကမ်းတွေမှာ ကျပ်စို့နေကြတယ်။ သင်္ဘောတွေ အမြဲလိုလို ရောက်တဲ့ရက်တွေ နောက်ကျတယ်။ ကွန်တိန်နာတင်ဖို့ နေရာ မရဘူး။ ကွန်တိန်နာခတွေကလည်း ဈေးတက်တယ်။ ကွန်တိန်နာ သယ်ပို့စရိတ်စကတွေလည်း ဈေးတက်ပါတယ်။ ကျွန်မတို့ ရောင်းချမယ့် အစီအစဉ်တွေကို ထိခိုက်ပါတယ်။ ယမန်နှစ်က ကွန်တိန်နာ သယ်ပို့ခတွေ ဈေးထိုးတက်ကုန်တယ်။ တင်ပို့ဖို့ စီစဉ်ထားတာတွေ ရုပ်သိမ်းလိုက်ရတယ်။ ကုန်အတွက်နေရာက မလုံလောက်တာကလည်း တစ်ကြောင်း ဖြစ်ပါတယ်။ ပြည်ပတင်ပို့စရိတ် မြင့်တက်ကုန်တော့ ပြည်ပတင်ပို့ ရောင်းချတဲ့ ပမာဏ လျော့ကျကုန်ပါတယ်"

 

ယခုနှစ်မှာလည်း ကပ်ရောဂါကူးစက်မှုတွေ ပြန်ပြန်ဖြစ်နေတယ်။ ပြည်ပတင်ပို့ဖို့အတွက် ထိခိုက်တယ်။ ပြည်ပသို့ စပျစ်တင်ပို့ကြတဲ့ ပို့ကုန်လုပ်ငန်းရှင်အချို့က ပြည်ပတင်ပို့မယ့် အစီအစဉ်တွေကို ရုပ်သိမ်းလိုက်ကြပြီးတရုတ်ပြည်တွင်းဈေးကွက်ထဲမှာပဲ စပျစ်တွေကို ရောင်းချလိုက်ကြတယ်။ တချို့က အာရှနိုင်ငံတချို့ထံ တင်ပို့လိုက်ကြကြောင်း သူက ပြောပြပါတယ်။ 

"အာရှဈေးကွက်တွေမှာတော့ တရုတ်စပျစ်က အားသာချက်တွေ ရှိတယ်။ ပထမတစ်ချက်က သင်္ဘောဖြင့် တင်ပို့တဲ့အခါ လမ်းခရီးက တခြားနိုင်ငံ (အီဂျစ်၊ ဩစတေးလျ စသဖြင့်) တွေထက် တရုတ်ဆိပ်ကမ်းတွေက ပိုနီးတယ်။ ပိုမြန်မြန် ‌ရောက်တယ်။ ဒီတော့ တရုတ်စပျစ်က ပိုလတ်ဆတ်တယ်။ နောက်တစ်ချက်က အမြင့်တန်း မဟုတ်တဲ့ တရုတ်စပျစ်တွေရဲ့ ဈေးနှုန်းက သက်သာနေဆဲ ဖြစ်ပါတယ်"

putao1111.png

 

lizhi1111133555666.jpg

 

 

Zhangpu Yicai Fruit & Vegetable Co., Ltd. က တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ရှင်ကျန်းပြည်နယ်တို့ရှိ စပျစ်စိုက်ခင်းများထံမှ စပျစ်များကို   "Gold Brand" နှင့် "Red Brand" နှစ်မျိုးဖြင့် ဈေးကွက်သို့ တင်ပို့ပါတယ်။ ပို့ကုန်စပျစ်များအားလုံး Global GAP certified ဖြစ်ပါတယ်။ 

 

#MyanmarFoodIndustryGuide

Telegram Channel
https://t.me/Guid4U

Source: Zhangpu Yicai Fruit & Vegetable Co., Ltd.

Read times Last modified on Tuesday, 19 July 2022 21:17
Rate this item
(0 votes)