Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဘင်္ဂလားဒေ့ရှ် ကဏန်း တရုတ်ပြည်သို့ ပြန်လည်ပေးပို့

လက်မှတ်အတု ပြဿနာကြောင့် တင်ပို့မှု ရပ်ဆိုင်ထားတာ ၉ လ ကြာပြီးချိန်မှာ ယခုအခါ ဘင်္ဂလားဒေ့ရှ်မှ ကဏန်းများကို တရုတ်နိုင်ငံသို့ ပြန်လည် တင်ပို့နေပြီ ဖြစ်ပါတယ်။

ကဏန်းတွေ တင်ပို့တာမျာ ဝယ်လက် တရုတ်ပြည်မှ သတ်မှတ်ထားတဲ့ အရည်အသွေး ထိန်းချုပ်မှုနဲ့ ကိုက်ညီအောင် ဆောင်ရွက်ထားတဲ့အပြင် စစ်ဆေးရေးလက်မှတ်အတုနဲ့ တင်ပို့ကြတာတွေကိုလည်း ဖြေရှင်းပြီးပြီလို့ ငါးလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Niaz Uddin က သတင်းမီဒီယာများကို ပြောကြားခဲ့ပါတယ်။

တရုတ်ဝယ်လက်ဘက်မှ ကုမ္ပဏီ ၅ ခု ပါဝင်တဲ့ စာရင်းအသစ်ကို ကုန်သွယ်ရေးအတွက် အတည်ပြုပေးထားပြီးပြီ ဖြစ်ပြီ ကဏန်းနဲ့ အာရှရွှံငါးရှဉ့်တို့ကို ၃၄ သုတ် ပေးပို့လိုက်ပြီ ဖြစ်ပါတယ်။

၂၀၂၀ ခုနှစ် ဇွန်လမှ တရုတ်ဝယ်လက်တွေက သတ်မှတ်ချက်တွေ ချမှတ်ပေးခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်မှ တင်ပို့တဲ့ ကဏန်းတွေနဲ့ ငါးရှဉ့်တွေမှာ ခဲနဲ့ ကက်မီယံ ပါတာကို တွေ့ရှိခဲ့ပြီးတဲ့နောက်မှာ အခုလို သတ်မှတ်ချက်တွေ ပြဋ္ဌာန်းလိုက်တာ ဖြစ်ပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနမှ ပို့ကုန်များကို ၎င်းရဲ့ ဓာတ်ခွဲခန်းမှာ စစ်ဆေးပြီး လက်မှတ်ထုတ်ပေးပါတယ်။ ယခင်နှစ် စက်တင်ဘာလမှာ စစ်ဆေးရေးလက်မှတ်အတုတွေနဲ့ တင်ပို့မှုများ ဖမ်းဆီးခဲ့ပြီး တင်ပို့မှုတွေ ရပ်ဆိုင်းထားခဲ့ပါတယ်။ လက်မှတ်အတုဖြင့် တင်ပို့တဲ့လုပ်ငန်းတစ်ခုဖြစ်တဲ့ BM Traders ကို နာမည်ပျက်စာရင်းထဲ ထည့်သွင်းခဲ့ပါတယ်။
ရှေးယခင်က တရုတ်ပြည်ကို တင်ပို့ဖို့အတွက် ကဏန်းတွေ ငါးရှဉ့်တွေကို ဘာစစ်ဆေးမှုမှ ပြုလုပ်ဖို့ မလိုတဲ့အပြင် စစ်ဆေးထားတဲ့ လက်မှတ်လည်း မလိုအပ်ခဲ့ချေ။
“အခုအခါမှာ ပြည်ပတင်ပို့ဖို့ လက်မှတ်ကို ငါးလုပ်ငန်းဦးစီးဌာနရဲ့ ဓာတ်ခွဲခန်း သုံးခုမှာာ ၁၂ ကြိမ် ၁၃ ကြိမ် ပို့ကုန်ကို စစ်ဆေးပြီးမှ ထုတ်ပေးပါတယ်” လို့ Niaz က ပြောကြားပါတယ်။

Read times
Rate this item
(0 votes)