Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


အိန္ဒိယဆား တရုတ်ပြည် ပို့ရန် ခက်ခဲ

ကိုဗစ်ကပ်ဘေး၊ ရေကြောင်းပို့ဆောင်စရိတ် မြင့်မားနေခြင်းတို့အပြင် အိန္ဒိယသင်္ဘောသားနဲ့ အိန္ဒိယကုန်စည်တို့အပေါ်

တရုတ်အစိုးရက ပြဋ္ဌာန်းထားတဲ့ တားမြစ်ချက်များကြောင့် အိန္ဒိယမှ တင်ပို့နေကျ ဖြစ်တဲ့ ဆားတွေ ပို့မရဖြစ်ကုန်တာ တရုတ်ပြည်ကို အိန္ဒိယမှာ ဆားတင်ပို့မှု ၇၀% လျော့ကျသွားတဲ့အထိ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံတွင် ဆားအများဆုံးထုတ်လုပ်သည့် ပြည်နယ်မှာ ဂူဂျာရပ်ပြည်နယ်ဖြစ်ပြီး ပြည်တွင်းထုတ်လုပ်မှု စုစုပေါင်း၏ ၈၀ % ကိုထုတ်လုပ်ပေးသည်။ နှစ်စဉ် ဆားထုတ်လုပ်သည့်ပမာဏမှာ စုစုပေါင်း တန်ချိန် သန်း ၃၀ ဝန်းကျင် ရှိသည်။ နှစ်စဉ် ပြည်ပသို့ ဆား တန်ချိန် ၁၀ သန်း တင်ပို့ပြီး တန်ချိန် ၁၂ သန်းကို ပြည်တွင်းမှာ သုံးစွဲသည်။ အိမ်သုံးဆားအဖြစ် စားသုံးသည်မှာ နှစ်စဉ် တန်ချိန် ၈ သိန်းဝန်းကျင် ရှိသည်။

တရုတ်နိုင်ငံက အန္ဒိယဆား အကြီးအကျယ်တင်သွင်းတဲ့ နိုင်ငံဖြစ်ပြီး တစ်နှစ်ကို တန် ၅၀ နီးပါး တင်သွင်းပါတယ်။ ၂၀၂၀ ဇွန်လမှ ၂၀၂၁ ဇွန်အတွင်းမှ တစ်နှစ်တာမှာတော့ ဆားတင်ပို့မှုက ၁၅ တန်ပဲ ရှိခဲ့တယ်လို့ အန္ဒိယ ဆား ထုတ်လုပ်ရေးလုပ်ငန်းရှင်များအသင့်း Indian Salt Manufacturers Association (ISMA) ရဲ့ အချက်အလက်မှာ ဖော်ပြထားပါတယ်။ ဇွန်လဟာ ဆားရာသီ ကုန်ဆုံးတဲ့လ ဖြစ်ပါတယ်။
ယခင်နှစ်က ဆားတင်ပို့မှု ကျဆင်းခဲ့ရတာဟာ ကိုဗစ်ကြောင့် ကမ္ယာတစ်လွှား လော့ဒေါင်းတွေ ရှိနေပြီး တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲလည်း ရှိနေခဲ့ပါတယ်။
ယခုနှစ်မှာတော့ တရုတ်ဆိပ်ကမ်းတွေမှာ အခက်အခဲအမျိုးမျိုး ရှိနေတာကြောင့် ဆားတင်ပို့မှုကို ထိခိုက်စေခဲ့ပါတယ်။
တချို့တရုတ်ဆိပ်ကမ်းတွေက အိန္ဒိယသင်္ဘောသားပါတဲ့ သင်္ဘောတွေကို အကပ်မခံကြဘူး။ တချို့ဆိပ်ကမ်းတွေမှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ပြဋ္ဌာန်းထားတယ်။ အိန္ဒိယသင်္ဘောသားဖြစ်စေ၊ အခြားနိုင်ငံသား သင်္ဘောသားဖြစ်သော်လည်း သင်္ဘောဆိပ်ကမ်းဝင်မယ့်ရက် မတိုင်ခင် ပြီးခဲ့တဲ့ ၂၁ ရက်အတွင်း အိန္ဒိယကို ရောက်ထားရင်ဖြစ်စေ သင်္ဘောပေါ် ပါလာသူ အားလုံး NAT (nucleic acid test)လုပ်ဖို့ လိုပြီး အားလုံး negative ဖြစ်မှသာ သင်္ဘောကို ဆိပ်ကမ်းကပ်ခွင့် ပေးတယ်။
တချို့ဆိပ်ကမ်းတွေမှာ အိန္ဒိယမှလာတဲ့ သင်္ဘောတွေအနေဖြင့် အထူးလျှောက်လွှာ တင်ဖို့ လိုတယ်။ လျှောက်လွှာကို ခွင့်ပြုမိန့်ကျပြီးမှ သင်္ဘောကမ်းကပ်ခွင့် ရတယ်။ ဆိပ်ကမ်းမှာ သီးသန့်သတ်မှတ်ပေးထားတဲ့နေရာမှာ ကမ်းကပ်ရတာ ဖြစ်ပါတယ်။ သင်္ဘောသား ချောင်းဆိုးတာ၊ ဖျားတာ စတဲ့ ကိုဗစ်လက္ခဏာ ပြသရင် သင်္ဘောဝင်ခွင့် မရတော့ဘူး။

ကုန်စည်အနေဖြင့် ကြည့်ရင် ဆားက အင်မတန် ဈေးပေါတယ်။ သယ်ပို့ခက ခေါင်ခိုက်နေတယ်။
ISMA ရဲ့ ဒုဥက္ကဋ္ဌဖြစ်သူ Shamji Kangad က “သယ်ပို့ခက တစ်တန်ကို ကန်ဒေါ်လာ ၁၂ ကနေ ၂၅နီးပါး ဖြစ်လာတယ်။ အဲဒါက ကမ္ဘာဈေးနှုန်း ဖြစ်ပါတယ်။ တရုတ်ပြည်ကို တင်ပို့တာဆိုရင်တော့ ဈေးနှုန်းက သုံးဆလောက် ပိုပေးရတယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယသင်္ဘောသားတွေအပေါ်မှာ တင်းကျပ်တဲ့ စည်းကမ်းတွေ ပြဋ္ဌာန်းထားလို့ ဖြစ်ပါတယ်။ အဲဒီ တင်းကျပ်တဲ့စည်းကမ်းတွေကြောင့် သင်္ဘောက ဆိပ်ကမ်းမှာ မကြာသင့်ဘဲ ပိုကြာတယ်” လို့ ပြောပြတယ်။
ISMA ရဲ့ ဥက္ကဋ္ဌဖြစ်သူ Bharat Raval က “တရုတ်နိုင်ငံပြီးရင် ကာတာ၊ ဂျပန်၊ ထိုင်း၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ ဘူတန်တို့ဟာ အိန္ဒိယထံမှ ဆားအဓိက တင်သွင်းကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ကိုဗစ်နဲ့ သယ်ပို့ခနှုန်းမြင့်မားနေခြင်း အကြောင်း နှစ်ချက်က ဆားတင်ပို့မှု ထိုးကျသွားရတဲ့ အဓိကအကြောင်းရင်းတွေ ဖြစ်ပါတယ်” လို့ ရှင်းပြပါတယ်။

 

Source timesofindia.com

Read times
Rate this item
(0 votes)