Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တိုင်ဝမ်က တရုတ်နိုင်ငံကို ဩဇာသီးတင်ပို့မှု ပိတ်ပင်ခြင်းအတွက် WTO တိုင်ကြားမည်ဟုဆို

တိုင်ဝမ်နိုင်ငံမှ တင်ပို့နေတဲ့ ဩဇာသီးတွေနဲ့ နှင်းသီးတွေကို တင်သွင်းခွင့် ပိတ်ပင်မယ်လို့ တရုတ်အာဏာပိုင်တို့က ပြောကြားခဲ့တဲ့အတွက် တိုင်ဝမ်က ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO - World Trade Organization ) ထံတိုင်ကြားမယ်လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံ အကောက်ခွန်ဌာနက တိုင်ဝမ်မှ တင်သွင်းတဲ့ ဩဇာသီးတွေမှာ "Planococcus minor" လို့ အမည်ရှိတဲ့ ပိုးများ တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီပိုးကို sweetsops လို့လည်း ခေါ်ဝေါ်ကြတဲ့အပြင် custard apples လို့လည်း ခေါ်ဝေါ်ပါတယ်။ အဲဒီပိုးကို တိုင်ဝမ်မှ တင်သွင်းတဲ့ နှင်းသီးတွေမှာလည်း တွေ့ရှိတယ်လို့ ဆိုပါတယ်။ အခုလို ပိုးတွေ့ခဲ့တာကြောင့် အကောက်ခွန် ရှင်းလင်းရေးကို ရပ်ဆိုင်းထားလိုက်ပါတယ်။

ထိုသို့ အရေးယူဆောင်ရွက်တာကို တိုင်ဝမ်မှ လက်မခံနိုင်တဲ့အတွက် WTO သို့ တိုင်ကြားမယ်လို့ စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ဩဇာသီးနဲ့ နှင်းသီးတို့ဟာ တိုင်ဝမ်ရဲ့ နာမည်ရအသီးတွေ ဖြစ်ပြီး သရက်သီးတွေလည်း နာမည်ရပါတယ်။ အများစုကို ပြည်တွင်းမှာ စားသုံးကြပြီး အချို့ကိုသာ ပြည်ပတင်ပို့တာ ဖြစ်ပါတယ်။

Read times
Rate this item
(0 votes)