Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Styleအသီးအရွက်နှင့် ၀က်အူချောင်း ထမင်းကြော်

Chinese Styleထမင်းကြော်ကို ဆိုင်တွင် သွားစားစရာမလိုဘဲ မိသားစုဆုံတုန်းလေး အိမ်တွင်လည်း ကိုယ်တိုင်လွယ်လင့်တကူပြုလုပ်နိုင်ပြီး

အချိန်သိပ်မပေးရဘဲ လုပ်စားနိုင်တဲ့ အသီးအရွက်နှင့် ၀က်အူချောင်း ထမင်းကြော်နည်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။

 

ပါဝင်ပစ္စည်းတွေကတော့ ချက်ပြီးသားထမင်း၊ ၀က်အူချောင်း၊ မုန်လာဥနီ၊ ပဲသီး၊ ပြောင်းဖူး၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ၊ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ်တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ၀က်အူချောင်းကို ဆီများများဖြင့် အရောင်ရလာသည်အထိ ကြော်ပေးထားပါ။

 

ပြီးရင်တော့ ဒယ်အိုးထဲဆီထည့်ပီဆီပူလာလျှင် ကြက်သွန်ဖြူများကို ဆီသတ်ပေးပါ။

 

ပြီးနောက် မုန်လာဥနီ၊ ပြောင်းဖူး၊ ပဲသီးများထည့်ပြီး မိနစ်အနည်းငယ်ခန့် ရောမွှေပေးပါ။

 

ပြီးလျင် ရေအနည်းငယ်၊ ပဲငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်ထည့်ပြီး မိနစ်အနည်းငယ်ခန့် တည်ပေးထားပါ။

 

ယင်းနောက် ထမင်း၊ ၀က်အူချောင်း များထည့်ပြီး သမအောင် ရောမွှေပြီး ကြော်ပေးပါ။

 

နောက်ဆုံးမှ ငရုတ်ကောင်းမှုန့်၊ ကြက်သွန်မြိတ် ဖြူးပြီးရင်တော့ အရသာရှိတဲ့ Chinese Style အသီးအရွက်နှင့် ၀က်အူချောင်း ထမင်းကြော် ပူပူလေးကို မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 13:21
Rate this item
(1 Vote)