Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


food delivery အက်ပ် Meituan Waimai သုံးစွဲသူ အများဆုံး

မိုဘိုင်းဒေတာ ဆန်းစစ်ရေးကုမ္ပဏီ App Annie က အစီရင်ခံစာ ထုတ်ပြန်ပေးခဲ့ရာမှာ စားစရာ အိမ်တိုင်ရာရောက် ပေးပို့တဲ့ ဝန်ဆောင်မှု လုပ်ငန်းသုံး

အက်ပ်တွေထဲမှာ Sankuai Technology Co., Ltd. မှ ဖြန့်ချိတဲ့ Meituan Waimai အက်ပ်ကို App store နဲ့ Google Play stores တို့ထံမှ ကမ္ဘာတစ်လွှား ရယူကြိမ်ရေ သန်း ၁၀၀ ကျော် ရှိခဲ့ကြောင်း တင်ပြထားပါတယ်။ food delivery အတွက် ရယူမှု အများဆုံး အက်ပ် ဖြစ်ကြောင်း မှတ်ချက်ပြုပါတယ်။

စားစရာ အိမ်တိုင်ရာရောက် မှာယူဖို့ အက်ပ်တွေထဲမှာ Meituan Waimai အက်ပ်က ပထမ နေရာမှာ ရှိနေပြီး ဒုတိယနေရာမှာ တရုတ်နိုင်ငံမှ အက်ပ် ဖြစ်တဲ့ Dingdong Maicai ရှိနေပါတယ်။
တတိယနေရာကလည်း တရုတ်ပြည်နဲ့ မလွတ်ကင်းတဲ့ အက်ပ် KFC China ဖြစ်ပါတယ်။ ထို့‌ေနာက် McDonald’s China, Hema Fresh, Starbucks, Pupu Supermarket, Xiachufang နဲ့ Luckin Coffee တို့ ရှိနေကြပါတယ်။

ဒေတာတွေကို App store နဲ့ Google Play stores တို့ထံမှသာ ရယူထားပြီး ပြည်တွင်းမှာ အက်ပ်ရယူနိုင်တဲ့ အခြားနေရာတွေထံမှ ရယူထားတာတွေ ထည့်သွင်းရေတွက်ခြင်း မပြုပါ။

Food and Drink အမျိုးအစား အက်ပ်တွေထဲမှာ ထိပ်ဆုံးမှာ ရောက်ရှိနေတဲ့ Meituan Waimai ကို iOS အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်မှာ စတင်ဖြန့်ဖြူးခဲ့ပါတယ်။Google Play မှာ ၂၀၁၇ ဇူလိုင်လ ၁၈ ရက်မှာ စတင်ဖြန့်ဖြူးခဲ့ပါတယ်။ နိုင်ငံပေါင်း ၅၂ နိုင်ငံတို့မှာ သုံးစွဲလျက်ရှိပြီး ရယူတာ များတဲ့နိုင်ငံတွေက တရုတ်၊ အမေရိကန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ဩစတေးလျ တို့ ဖြစ်ပါတယ်။
စားစရာအပြင် လတ်ဆတ်သစ်သီး၊ ဆေးဝါးအမျိုးမျိုး၊ စူပါမားကက်တွင် ရောင်းချသော ကုန်စည် အမျိုးမျိုး အစရှိတာတွေကိုလည်း မှာကြားနိုင်အောင် စီစဉ်ပေးထားတယ်။

McDonald’s KFC Pizza Hut အစရှိသည်တို့က နိုင်ငံတကာ brand ဖြစ်ပြီး တရုတ်ပြည်တွင်းမှာ လူကြိုက်များပါတယ်။ အဆိုပါ စားသောက်ဆိုင် လုပ်ငန်းတွေနဲ့ Meituan Waimai က ချိတ်ဆက်လက်တွဲ ထားပါတယ်။

Meituan Waimai ရဲ့ ထုတ်ပြန်ချက်အရ တရုတ်ပြည်တွင်း မြို့ကြီးစုစုပေါင်း ၂၅၀ ကျော်မှာလက်တွဲချိတ်ဆက်ထားတဲ့ စားသောက်ဆိုင်ပေါင်း ၅၀,၀၀၀ ကျော် ရှိပြီး ဆိုင်ခွဲတွေ ဖွင့်တဲ့ စားသောက်ဆိုင်လုပ်ငန်း ၅,၀၀၀ ကျော်နဲ့ လက်တွဲချိတ်ဆက်ထားပါတယ်။

 

 

247254629_4505833799454844_3244282377632586308_n.jpg

Read times
Rate this item
(0 votes)