Chinese



တရုတ်နိုင်ငံမှ 'အဆိပ်သင့်' ကဏန်းများကို ထိုင်ဝမ် ပိတ်ပင်

တရုတ်နိုင်ငံမှ 'အဆိပ်သင့်' ကဏန်းများကို ထိုင်ဝမ် ပိတ်ပင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

ကျန်းမာရေး အရာရှိများ ဒိုင်အောက်စင် မြင့်မားစွာ ပါဝင်နေကြောင်းတွေ့ရှိပြီးနောက် ထိုင်ဝမ်ကျွန်းသည် တရုတ်နှစ်သစ်ကူးအတွက် ကဏန်း အရေအတွက် လျော့ကျတော့မည် ဖြစ်သည်။

 

"ရှန်ဟိုင်းအမွေးကဏန်း"ဟု ထိုင်ဝမ်တွင် အများအားဖြင့် သိကြသည့် တရုတ် လက်အိတ်ကဏန်း (mitten crab)များကို တရုတ်နှစ်သစ်ကူးများတွင် စားသောက်ကြသည်။ လူကြိုက်များသည့် ကဏန်း ဖြစ်သည်။

တရုတ်ပြည်မကြီးမှ  ၆,၄၀၀ ကီလိုဂရမ် အလေးချိန် ရှိသော အဆိုပါ ကဏန်းအရှင်များ တင်ပို့မှုကို ထိုင်ဝမ် ကျန်းမာရေး တာဝန်ရှိသူများက ပိတ်ပင်လိုက်သည်။ လူကြိုက်များသော ပင်လယ်စာ ရှန်ဟိုင်းအမွေးကဏန်းများတွင် အဆိပ်အတောက်များ ပါနေသည်ဟု ဆိုသည်။

 

ထိုင်ဝမ်အာဏာပိုင်များသည် လွန်ခဲ့သည့် ၂ နှစ်အတွင်း ကဏန်းများနှင့် ပတ်သက်သော 

အစားအစာ ဘေးကင်းရေး ပြဿနာကို ပထမဆုံးအကြိမ် ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန FDA သည် တရုတ်နိုင်ငံမှ လက်အိတ်ကဏန်း တစ်သုတ်ကို ဝင်ခွင့်မပြုပေ။ ဒိုင်အောက်စင်နှင့် ဒိုင်အောက်ဇင်ကဲ့သို့သော ဓာတုပစ္စည်းများ ပမာဏ ပါဝင်မှု များပြားနေသည်ဟု ဆိုသည်။

 

photo_2023-01-04_21-59-16.jpg

 

FDA ၏ ညွှန်ကြားရေးမှူးချုပ် Wu Shou-mei က ကဏန်းများပိတ်ပင်မှုသည် သိပ္ပံနည်းကျစစ်ဆေးခြင်းရလဒ်အပေါ်အခြေခံ၍ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ယမန်နှစ်တွင် ရေလက်ကြား တင်းမာမှု မြင့်တက်ခဲ့ပြီးနောက် ပြည်မကြီးမှ ထိုင်ဝမ်စားသောက်ကုန် အမျိုးအမည် အများအပြားတို့ကို တင်သွင်းမှု ရပ်ဆိုင်းလိုက်ခြင်းအပေါ် တုံ့ပြန်ခြင်းမဟုတ်ကြောင်း  ပြည်တွင်းမီဒီယာသို့ ပြောကြားခဲ့သည်။  

ဒိုင်အောက်စင် dioxin သည် ခရုခွံအပါအဝင် တိရစ္ဆာန်များ၏ အဆီတစ်သျှူးများတွင် ညစ်ညမ်းစေသော အဆိပ်အတောက်များ စုပုံနေခြင်းကြောင့် ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသည့် ပြဿနာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အချက်အလက်အရ သိရသည်။

 

ဒိုင်အောက်ဇင် အလွန်အမင်း အဆိပ်သင့်နေသည်ကို စားသုံးမိပါက ကင်ဆာဖြစ်စေနိုင်ပြီး မျိုးပွားမှုဆိုင်ရာ ပြဿနာများနှင့်  ခုခံအားစနစ်ကို ထိခိုက်နိုင်သည်ဟု WHO မှ ပြောကြားခဲ့သည်။

Source Bangkokpost

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Thursday, 19 January 2023 16:25
Rate this item
(0 votes)