Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ဆိပ်ကမ်း ဒါလျံမှာ အေးခဲအစားအစာများ ကိုဗစ်ကြောင့် ပိတ်ပင်ထား


ပြည်ပမှတင်သွင်းတဲ့ အေးခဲအစားအစာများ၊ အအေးပေးထားတဲ့ အစားအစာများ လုပ်ကိုင်နေတဲ့ လုပ်ငန်းများ အားလုံး အလုပ်ရပ်ထားကြဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံ အရှေ့မြောက်ကမ်း‌ခြေမှာ တည်ရှိတဲ့ ပင်လယ်ဆိပ်ကမ်း ဒါလျံမှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း ကှိဗစ်လူနာ ၈၀ ဦးကျော် ရှိခဲ့ပါတယ်။ အဦးဆုံးလူနာက ကုန်လှောင်ရုံမှ ဝန်ထမ်းတစ်ဦး ဖြစ်ပြီး နိုဝင်ဘာလ ၄ ရက်မှာ ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။

ဒါလျံက အေးခဲနှင့် အအေးဓာတ်ပေး အစားအစာများ ဖြစ်ကြတဲ့ ပင်လယ်စာ၊ သစ်သီးဝလံနဲ့ အသား တင်သွင်းတဲ့ အဓိက ဆိပ်ကမ်း ဖြစ်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက အစားအစာနဲ့ ထုပ်ပိုးပစ္စည်းမှတစ်ဆင့် ပိုးမကူးဘူးလို့ ယူဆထားပေမဲ့ တရုတ်နိုင်ငံက အေးခဲအစားအစာမှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေတာ စစ်ဆေးတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ အအေးဓာတ်ပေး အစားအစာများနှင့် အေးခဲအစားအစာများကို အထူးကြပ်မတ်ပါတယ်။

Read times Last modified on Sunday, 14 November 2021 09:16
Rate this item
(0 votes)