Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဘဲသားပေါင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဘဲသားကြိုက်နှစ်သက်သူများအတွက်

လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ဘဲသားပေါင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဘဲသား၊ ချင်း၊ နာနတ်ပွင့်၊ ကြက်သားမှုန့်၊ ဆား၊ ပဲငံပြာရည်၊ ကြက်သွန်မြိတ် တို့ လိုအပ်ပါမယ်။

 

အရင်ဦးဆုံး ဘဲကိုရေစင်အောင်ဆေး၍ ကြက်သားမှုန့်၊ ပဲငံပြာရည်၊ ဆားတို့ဖြင့် သမအောင်နယ်ပြီး နာရီအနည်းငယ်ကြာအောင် နှပ်ထားပါ။

 

ပြီးလျှင် ချင်းကို အခွံခွာ၍ အချောင်းလေးများ လှီးကာ ကြက်သွန်မြိတ်ကို အပိုင်းလေးများ ဖြတ်ထားပါ။

 

ပြီးနောက် ဘဲသားကို ထမင်းပေါင်းအိုးထဲသို့ထည့် ၍ ရေနွေးကိုဘဲသား မြုပ်သည်အထိ လောင်းထည့်လိုက်ပါ။

 

ပြီးရင်တော့ အပေါ်မှ နာနတ်ပွင့်နှင့် ကြက်သွန်မြိတ်တို့ထည့်ပြီး မီးဖွင့်ကာ ဘဲသား နူးသည်အထိ တည်ထားပါ။

 

ပြီးလျှင် ဘဲသားနူးလျှင် ဆယ်၍ အအေးခံပြီး အတုံးလေးများတုံးကာ ပန်းကန်ထဲသို့ စီထည့်ပါ။

 

ဘဲပေါင်းအရည်ကို အိုးတစ်လုံးထဲသို့ ပြောင်းထည့်၍ အရည်ပျစ်လာသည်အထိ မီးခပ်ပြင်းပြင်းဖြင့် တည်ထား ပေးပါ။ အရည်ပျစ်လာလျှင် ဘဲသားများပေါ်သို့ လောင်းပြီးရင် အရသာရှိတဲ့ ဘဲသားပေါင်းကို ထမင်းပူပူလေးဖြင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။  

Read times Last modified on Tuesday, 18 September 2018 15:47
Rate this item
(1 Vote)