Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


Chinese Egg Tart

Chinese Egg Tart မုန့်အချိုလေးကို ပြုလုပ်ရတာလွယ်ကူစေတဲ့အပြင်

ကလေးလူကြီးကြိုက်နှစ်သက်စေမယ့် မုန့်အချိုလေးဖြစ်ပါတယ်။ ဒင်ဆမ်းများတွင် အချိုပွဲအဖြစ် တည်ခင်းလေ့ရှိတဲ့ မုန့်လေးကို အိမ်မှာ လုပ်စားကြည့်ရအောင်နော်။

 

အပြင်မုန့်သားပြုလုပ်ဖို့အတွက် ပါဝင်ပစ္စည်းများကတော့ ဂျုံ၊ သကြားမှုန့်၊ ထောပတ်ခဲ၊ ကြက်ဥ တို့ ပါဝင်ပြီး ကြက်ဥအနှစ်ဖျော်ရန်အတွက် ပါဝင်ပစ္စည်းများကတော့ ရေ၊ သကြား၊ ကြက်ဥ၊ နို့စိမ်း၊ ဆား၊ ဗနီလာအနံ့တို့ ပါဝင်ပါမယ်။

 

ပထမဆုံး အပြင်မုန့်သားပြုလုပ်ဖို့အတွက် ဂျုံ၊ သကြားမှုန့်၊ ထောပတ်ခဲ၊ ကြက်ဥ အစရှိတဲ့ပါဝင်ပစ္စည်းများကို ရောနယ်ပြီး ပလတ်စတစ်ဖြင့်ထုပ်၍ ရေခဲသတ္တာထဲတွင် မိနစ်အနည်းငယ် နှပ်ထားပါ။

 

ကြက်ဥဖြည့်ဖို့အတွက် ပထမဆုံး သကြားနှင့် ရေကိုရောကျိုပါ။ သကြားအားလုံးပျော်သွားပါက အအေးခံထားပေးပါ။

 

ပြီးနောက် ကြက်ဥလေးလုံးကို နို့စိမ်း၊ ဆား၊ ဗနီလာအနံ့ထည့်ပြီး ကြေအောင်မွှေပေးထားပါ။

 

ပြီးလျှင် အအေးခံထားသော သကြားရည်နှင့်ရောပြီး သမအောင်မွှေကာ ဇကာဖြင့် စစ်ပေးထားပါ။

 

နှပ်ထားသော ဂျုံကို အညီအမျှခွဲခြမ်းပြီး လုံးထားပါ။ မုန့်လုပ်ရန်အတွက် ပုံစံခွက်တွင် တစ်လုံးဆီထည့်ကာ ခွက်ပုံစံအတိုင်းအထူအပါးညီအောင်ပြုလုပ်ပြီး ရေခဲသေတ္တာတွင်ထည့်၍ မိနစ် အနည်းငယ်ကြာအောင် အအေးခံထားပါ။

 

ပြီးရင် မုန့်ခွက်များကို မုန့်ဖုတ်မည့်ဗန်းတွင်တန်းစီထည့်လိုက်ပါ။ စစ်ထားသော ကြက်ဥရည်ကို ခွက်များအတွင်း သို့ လေးပုံသုံးပုံခန့်ထည့်ပြီး အာဗန်တွင် ၁၈၀ ဒီဂရီအပူပေးပြီး နာရီဝက်ခန့်ဖုတ်၍ ကြက်ဥ ကြက်မကျက် ကြည့်ပြီး အပြင်ထုတ် အအေးခံကာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:28
Rate this item
(1 Vote)