Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကျောက်ကြမ်းပိုးကောင်များကို တရုတ်ပြည်က နှစ်စဉ် စျေးကောင်းပေးဝယ်နေသဖြင့် ရှာဖွေသူ များပြားကာ ရှားပါးမှု ကြုံတွေ့နေရ

ကချင်ပြည်နယ် ပူတာအိုဒေသထွက် ကျောက်ကြမ်းပိုးကောင်များကို

တရုတ်ပြည်က နှစ်စဉ် စျေးကောင်းပေးဝယ်နေသဖြင့် ရှာဖွေသူ များပြားကာ ရှားပါးမှုကြုံတွေ့နေကြောင်း သတင်းရရှိသည်။

ယင်းစျေးကောင်းပေးဝယ်မှုကို လွန်ခဲ့သည့်၂၀၁၇၊ ၂၀၁၈ ခုနှစ်မှစတင်ကာ တဖြည်းဖြည်း တွင်ကျယ်လာခြင်းဖြစ်ပြီး ကျောက်ကြမ်းပိုးများ ဖမ်းရလွယ်ကူသည့် နိုဝင်ဘာလဆန်းပိုုင်းမှ စတင်ကာ မလိခမြစ်ကမ်းနှင့် ကျောက်ခဲပေါများသည့် တခြား ချောင်းကြီးများတွင် ဖမ်းယူရကြောင်း ဒေသခံ များက ပြောကြားသည်။

ကျောက်ကြမ်းပိုးကို ကျောက်တုံး၊ ကျောက်ခဲများ လှန်၍လည်းကောင်း၊ ညနေပိုင်းတွင် ပိုက်စိပ်မယ်များဖြင့်လည်းကောင်း ဖမ်းယူနေကြခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ကြမ်းပိုးရှာသူ ကိုတန်ရှင်ဖုန်က “ကျောက်ကြမ်းပိုးက အရင်ကလို ပူတာအို နားက ချောင်းတွေနားမှာ အများကြီး မရနိုင် တော့ဘူး။ တစ်ညအိမ်၊ နှစ်ညအိမ်သွားပြီး ချောင်းဖျားမှာ သွားရှာရတာ အရင်လေးငါး နှစ်ကတော့ တစ်ထောင်ကျပ်ဖိုး နို့ဆီသုံးဘူးရ သေးတယ်။ တရုတ်ဘက်က ဝယ်တော့ စျေးတွေတက်။ ရှာသူတွေများဖြစ်တာ။ အခု ရှားတဲ့သလိုမျိုးဖြစ်သွားပြီ။ ကျောက်ဂျပိုး မနှစ်က ထက် စျေးကောင်းနေတယ်။ နို့ဆီတစ်ဘူးရှစ်ထောင်၊ တစ်သောင်းဖြစ်နေတာ။ ဒေသခံတွေ အဲဒီစျေးနဲ့မစားနိုင်ဘူး။ တရုတ်ပြည်ပို့ကြတာ ပေါ့။ ပိုက်နဲ့တန်းတာက နေ့တိုင်းမထွက်ဘူး။ တစ်ပတ်တစ်ရက်လောက် အထွက်များတာပဲ” ဟု ပြောကြားသည်။

ကျောက်ကြမ်းပိုးမှာ အကောင်အကြီးနှင့် အသေးမျိုးရှိရာတွင် အသေးမျိုးမှာ စျေးပိုရကြောင်း၊ တစ်ပိဿာလျှင် ကျပ်ငွေတစ်သိန်း သုံးသောင်းဝန်းကျင်တွင် စျေးပေါက်နေပြီး ဒေသခံများအတွက် ဝင်ငွေတစ်ခုဖြစ်နေ ကြောင်း ဒေသခံများက ဆိုပါသည်။

ပူတာအိုဒေသခံ ဦးအားဒီးက“ ကျွန်တော်တို့က အရင်က ဒီအကောင်ကို ငရုတ်သီး ထောင်းစားတယ်။ အနံ့ပြင်းပြင်းရှိတယ်။ အရသာက ပုရစ်ထက်အဆိမ့်ပိုတယ်။အရှင်က အသေထက် ပိုပြီးအလေးချိန်ရှိတယ် ။မျက်စိ ထဲဝင်ရင် မျက်စိထိတယ်။ ပုရစ်လို လှော်ထား လို့လည်း ရတယ်။တချို့ အရက်စိမ်ကြတယ်။ ဟင်းချိုထဲ အမွေးအကြိုင်သဘော ထည့်ခတ် တယ်။ တရုတ်တွေကတော့ ဆေးဖက်ဝင် တယ်ပြောကြတယ်။ တွေ့ရတာက နိုဝင်ဘာ ကနေ ဒီဇင်ဘာလတွေမှာ အများဆုံးတွေ့ရ တတ်။ မတ်လကုန်ရင်တော့ ချောင်းရေတွေ လည်း တက်ပြီ။ မိုးလည်းရွာပြီဆိုတော့ မတွေ ရတော့ဘူး။ အရင်ကတော့ မြစ်ကြီးနားကို လမ်းမကောင်းတော့ မရောင်းရဘူး။ အခုက လမ်းကောင်းတော့ စျေးကွက်ဖြစ်နေတာပေါ့” ဟု ဆိုသည်။

ယခင်ကာလများက ကျောက်ကြမ်းပိုးကို မြစ်ဆုံဒေသဝန်းကျင်တွင် ပေါများစွာ တွေ့ခဲ့ ရသော်လည်း ရွှေကျင်သည့်လုပ်ငန်းများ များစွာလုပ်ကိုင်ခဲ့ခြင်း၊မြစ်ချောင်းအနီးတစ်ဝိုက် တောပြုန်းခြင်းများကြောင့် ကျောက်ကြမ်းပိုး ကောင်များအတွေ့ရနည်းလာရကြောင်း သိရ သည်။

 

news-eleven.com

Read times Last modified on Saturday, 20 November 2021 17:07
Rate this item
(0 votes)