Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကချင်ပြည်နယ်မှ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများ နယ်စပ်သို့ တင်ပို့ရာတွင် ကွန်တိန်နာ ယာဉ်ဖြင့်သာ ပို့ဆောင်ရမည်

ကချင်ပြည်နယ်မှ ထွက်ရှိသည့် တစ်သျှူးငှက်ပျောများ နယ်စပ်သို့ တင်ပို့ရာတွင် ကွန်တိန်နာ ယာဉ်ဖြင့်သာ ပို့ဆောင်ရမည် 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

ကချင်ပြည်နယ် ၊ ကံပိုင်တည် လွယ်ဂျယ် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး စခန်းတို့တွင် ပြည်နယ်အတွင်းမှ ထွက်ရှိသည့် ငှက်ပျောများကို လာမည့်ငှက်ပျောရာသီအချိန်တွင် တွဲကာအစား ကွန်တိန်နာဘောက်တွဲကားများနှင့်သာ  သီးနှံများပို့ဆောင်မူ ပြုလုပ်ရမှာဖြစ်ကြောင်း ကချင်ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်းနှင့် တရုတ်အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီးများအသင်းတို့ အောက်တိုဘာ လအတွင်းက သုံးရက်တာ ညှိုနှိုင်းဆွေးနွေးပွဲတွင် ကုန်စည်စီးဆင်းမူ မြန်ဆန်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးတို့အတွက် ကွန်တိန်နာဘောက် များနှင့် ပို့ဆောင်ပေးရန် ညှို့နှိုင်းဆွေးနွေးမူပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ်ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးကပြောသည်။

"ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃/၁၄/၁၅ရက် နေ့မှာ ကျနော်တို့ ပြည်နယ်အစိုးရ ကချင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်းများတွေ့ဆုံဆွေးနွေးခဲ့တယ် အဲ့ပွဲမှာ တရုတ်ဘက်က လာမည့်ငှက်ပျောရာသီအချိန်မှာ အရင်ကလို တွဲကားနဲ့ကုန်စည်ပို့ဆောင်လို့မရဘူး ကွန်တိန်နာဘောက် လုပ်ပြီး ငှက်ပျောတွေကို ပို့ဆောင်ပေးရမယ် အဓိကကတော့ ကိုဗစ်ကာကွယ်နိုင်ရေးနဲ့ ကုန်စည်စီးဆင်းမူမြန်ဆန်စေရေးအတွက်ပြီးတော့ လူချင်းတွေ့စရာမလိုဘူးအဲ့တာကြောင့် မူအရသဘောတူ ပြုလုပ်ရတာဖြစ်တယ် "ဟု ၎င်းကပြောပြသည်။

ပြီးခဲ့သည့်နှစ်က တရုတ်နိုင်ငံသို့ တင်သွင်းသည့် ငှက်ပျောတွဲကားများအနေဖြင့်  ကိုဗစ်-၁၉ရောဂါ ကူးစပ်ပြန့်ပွားမူမရှိစေရေးအတွက် သီးနှံကုန်စည်များကို အဆင့်ဆင့် စစ်‌ဆေး ပိုးသတ်မူများပြုလုပ်ပြီး ယာဉ်မောင်းသီးသန့် ပြန်လည်ရွေးချယ်မူများပြုလုပ်ခဲ့ရသည့်အတွက် အချိန်ကြန့်ကြာမူများရှိခဲ့ကာ ဆုံးရှုံးနစ်နာမူများရှိခဲ့သည့်အတွက် ယခုနှစ် ရာသီအချိန်တွင် ပိုမိုမြန်ဆန်စေရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလေးနက်ထား ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောဆိုထားသည်။

ထိုသို့တွဲကားများ အစား ကွန်တိန်နာဘောက်တက်ဆင်ပို့ဆောင်ရေးလုပ်ရမည့်အတွက် အဆင်ပြေမူရှိသလို အခက်ခဲများရှိနေကြောင်း ငှက်ပျောတွဲကား ယာဉ်မောင်းတစ်ဦးကသုံးသပ်ပြောဆိုထားသည်။

"အရင်နှစ်က ငှက်ပျောကုန်စည်ကို တွဲကားတွေနဲ့ အသုံးပြုပို့ဆောင်ခဲ့တယ် တစ်လမှာ နှစ်ခေါက်လောက်ပဲပို့ရတယ်အချိန်ကြာတယ် မကိုက်ဘူး အခုလို ကွန်တိန်နာ တပ်ဆင်ပြီး တွဲချိန်းရုံဆိုတော့ ပိုပြီးမြန်ဆန်မယ် ကုန်ကျငွေနည်းလာတာပေါ့ အခက်အခဲရှိတာက ကွန်တိန်နာ  ချင်းဘောလီ တပ်ရမယ်ဆိုတော့ ဘော်ဒီထပ်မြင့်ရမယ် ပိုရှည်လာမယ်   အဲ့တော့ ယာဉ်သွားလာ ရေးအတွက် လမ်းတွေက မီးကြိုးတွေ မြင့်ပေးရမယ် လမ်းအခြေအနေမကောင်းတဲ့ နေရာတွေမှာ ကားတိမ်းမှောက်တာတွေ ဖြစ်လာနိုင်တယ် ပြီးတော့ အကောက်ခွန်တွေ လျှော့ပေါ့ ကောက်ခံစေချင်တယ် "ဟု မြစ်ကြီးနားကံပိုင်တည် ငှက်ပျောကုန်စည်ပို့ဆောင်နေသည့် ယာဉ်မောင်းတစ်ဦးပြောသည်။

လက်ရှိအချိန်တွင် တွဲကားများအစား ကွန်တိန်နာ တပ်ဆင်ရန်အတွက် တရုတ်နိုင်ငံတွင် လုပ်ဆောင်လျက်ရှိပြီး ကုန်ကျစရိတ်အနေဖြင့် တွဲကား တစ်စီးလျှင် မြန်မာငွေ သိန်းသုံးဆယ်မှ လေးဆယ်နီးပါး ကုန်ကျမူရှိနေကြောင်း သိရသည်။

Source EPN

Read times Last modified on Friday, 21 October 2022 20:35
Rate this item
(0 votes)