Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ပုစွန်ကုန်းဘောင်ဟင်း

ပုစွန်ကုန်းဘောင်ဟင်း google.com

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ အိမ်တွင် လွယ်လင့်တကူပြုလုပ်နိုင်ပြီး

ထမင်းမြိန်စေမည့် ပုစွန် ကုန်းဘောင်ဟင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ပုစွန်အကောင်ကြီး၊ ငရုတ်သီးပွအခြောက်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ပဲငံပြာရည်အပျစ်၊ သကြား၊ ကြက်သွန်မြိတ်၊ ဆီ၊ ဆား၊ ဟင်းခတ်မှုန့်တို့ လိုအပ်ပါမယ်။

 

ပထမဦးဆုံး ပုစွန်ကို အခွံခွာ ရေဆေးသန့်စင်ပြီးနောက် ရေစစ်လိုက်ပါ။ ရေစစ်သွားရင် ဆား၊ ဟင်းခတ်မှုန့်တို့နဲ့ နယ်ထားပါ။

 

ကြက်သွန်နီကို ရှစ်စိတ်ခန့်လှီးထားပါ။ ကြက်သွန်ဖြူကိုတော့ ဓားပြားရိုက် နုပ်နုပ်စင်း၍ ပြန်လှီးထားပါ။

 

ချင်းကို ပါးပါးအရှည်လေးတွေ လှီးထားပါ။ ကြက်သွန်မြိတ်ကို ရေဆေးပြီး သေးသေးလေးတွေ လှီးထားပါ။

 

ငရုတ်သီးပွအခြောက်ကို ကြွပ်အောင်ကြော်ပြီးနောက် ဆီစစ်ပေးထားပါ။

 

ဒယ်အိုးကို မီးဖိုပေါ်တင် အိုးထဲဆီထည့် ဆီပူလာရင် ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ကို ချင်းထည့်၍ ဆီသတ်ပေးပါ။

 

ကြက်သွန်နီအိလို့ အနံ့မွှေးလာရင်တော့ ပုစွန်နယ်ထားသည်များကိုထည့်ပြီး နှံ့အောင်ကြော်လိုက်ပါ။ ပုစွန်ကျက်ရင် ပဲငံပြာရည်နဲ့ သကြားထည့်ပြီး နှံ့အောင်မွှေလိုက်ပါ။

 

အားလုံးနှံ့ပြီး အရသာကို စိတ်ကြိုက်ပြုပြင်ပြီးပြီ ရင် ပန်းကန်ထဲထည့်ပြီး ကြက်သွန်မြိတ်အုပ်ကာ ငရုတ်သီးပွအခြောက်ကြော်ထည့်ပြီးရင်တော့ အရသာအလွန်ရှိပြီး ထမင်းမြိန်စေမည့် ပုစွန်ကုန်းဘောင်ဟင်းကို ထမင်းပူပူလေးနှင့် တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:39
Rate this item
(1 Vote)