Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နှစ်ကူး အထူးဂျယ်လီ ရောင်းချ

တရုတ်နှစ်ကူး အထူးဂျယ်လီ ရောင်းချ

တရုတ်နှစ်သစ်ကူးပွဲ စားကြသောက်ကြတဲ့အခါ အချိုပွဲအတွက် အုန်းနို့ဂျယ်လီဖြင့် ဝက်ခေါင်းပြုတ်၊ ကြက်ပေါင်း၊ ဘဲကင် အစရှိတာတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ရှိတဲ့ အချိုပွဲ အရောင်းဆိုင်တစ်ဆိုင်က ရောင်းချပါတယ်။

အချိုပွဲရောင်းချတဲ့ဆိုင်အမည်က Namjai ဖြစ်ပါတယ်။ ဘူးအလှထဲမှာ အချိုပွဲ ၉ ခု ပါပြီး တစ်ဘူးကို ဘတ်၉၀၀ ဖြင့် ရောင်းပါတယ်။

 

4212695.jpg

 


Namjai အချိုပွဲ ဆိုင်ပိုင်ရှင် Thanapach Montraprasit က သူ့ဆိုင်ရဲ့ ဆိုရှယ်မီဒီယာ စာမျက်နှာမှာ မေးကြမြန်းကြ စုံစမ်းကြတာတွေ အတော်များတယ်လို့ ဆိုပါတယ်။ LINE mobile messenger app မှာလည်း လာမေးကြတာ လေးငါးရာလောက်ရှိတယ်လို့ ပြောပြပါတယ်။

 

4212683.jpg

 

 

ထိုင်းမှာ အာဖရိက ဝက်တုပ်ကွေး ကူးစက်ရောဂါ ကျရောက်နေတာကြောင့် ဝက်သား အရမ်းဈေးကြီးနေပါတယ်။ ဝက်သားဈေးကြီးလို့ ကြက်သား အစားထိုးပြီး စားကြတာကြောင့် ကြက်သားလည်း ဈေးကြီးနေပြီး မိချောင်းသား စားကြသူတွေလည်း ရှိပါတယ်။

 

4212687.jpg


အဲဒါကြောင့် Namjai အချိုပွဲ ဆိုင်မှ တီထွင်ဆန်းသစ်ပြီးရောင်းချတဲ့ ဝက်၊ ကြက် ဘဲ တို့ကို စိတ်ဝင်စားကြပါတယ်။ အရသာကတော့ အုန်းနို့ဂျယ်လီ အရသာ ဖြစ်ပါတယ်။

 

 

4212691.jpg

 

 

Read 1350 times
Rate this item
(0 votes)