Chinese



ကမ္ဘာ့လက်ဖက် ထုတ်လုပ်မှု ဒေါ်လာ ၁၇ ဘီလီယံကျော်သို့ ရောက်ရှိ

ကမ္ဘာ့လက်ဖက် ထုတ်လုပ်မှု ဒေါ်လာ ၁၇ ဘီလီယံကျော်သို့ ရောက်ရှိ

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

• လက်ဖက် အများဆုံး ထုတ်လုပ်သည့် ထိပ်တန်း(၈) နိုင်ငံ

• ရေပန်းစားသည့် လက်ဖက်ထုတ်ကုန် ဝယ်ယူပုံ သုံးစွဲပုံ ခေတ်ဓလေ့များ

• လက်ဖက် ထုတ်ကုန် အမျိုးမျိုးတွင် ရောင်းအား အခိုင်မာဆုံး ၅ မျိုး

 

၂၀၂၂ ခုနှစ် ကမ္ဘာ့လက်ဖက် ဈေးကွက်တွင် ပြုစုထားသော အချက်အလက်များအရ ကမ္ဘာတစ်ဝှမ်း လက်ဖက်ထုတ်လုပ်မှုတန်ဖိုးသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၇ ဘီလီယံကျော်ရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ လက်ဖက်ခြောက်ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံရှိကြောင်း သိရသည်။

ကမ္ဘာ့လက်ဖက်ဈေးကွက်သည် နှစ်စဉ် ၆-၇% ကြီးထွားနေသည်။

 

၂၀၂၅ ခုနှစ်တွင် လက်ဖက်ရည် သောက်သုံးသည့် ဓလေ့သည် စုစုပေါင်း လက်ဖက် ကီလိုဂရမ် ၇.၄ သန်းအထိ သုံးစွဲကြမည်ဟု ခန့်မှန်းထားသည်။

၂၀၂၂ ခုနှစ်တွင် လက်ဖက် ထုတ်လုပ်သော ထိပ်တန်းနိုင်ငံ (၈)နိုင်ငံမှာ အောက်ပါအတိုင်းဖြစ်သည်။

 

၁။ တရုတ်နိုင်ငံငည် လက်ဖက် တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်ပါသည်။ စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၉၉.၈ ဘီလီယံ တင်ပို့ခဲ့သည်။

 

၂။   အိန္ဒိယနိုင်ငံသည် စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅.၇ ဘီလီယံ တင်ပို့ခဲ့သည်။

 

၃။ ဂျပန်နိုင်ငံသည် စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၁၄.၅ ဘီလီယံ တင်ပို့ခဲ့သည်။

 

၄။ အမေရိကန်နိုင်ငံသည် စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၁၃.၄ ဘီလီယံ တင်ပို့ခဲ့သည်။

 

၅။ ဘရာဇီးနိုင်ငံသည် စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၁၁.၈ ဘီလီယံ တင်ပို့ခဲ့သည်။

 

၆။ တူရကီနိုင်ငံသည် စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၁၁.၈ ဘီလီယံ တင်ပို့ခဲ့သည်။

 

ဘရာဇီးနှင့် တူရကီတို့ တင်ပို့သည့် တန်ဖိုးပမာဏ မတိမ်းမယိမ်း ဖြစ်ပါသည်။

 

၇။ ထိုင်းနိုင်ငံသည် စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၅.၇ ဘီလီယံ တင်ပို့ခဲ့သည်။

 

၈။ အင်ဒိုနီးရှားနိုင်ငံသည် စုစုပေါင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၄.၂ ဘီလီယံ တင်ပို့ခဲ့သည်။

 

ကမ္ဘာ့လက်ဖက်ရည် သောက်သုံးမှုသည် လွန်ခဲ့သည့် ၁၀ နှစ်တာတွင် လက်ဖက်အလေးချိန်အရ 

 တဦးချင်းအရ နှစ်စဉ် ၂.၅% တိုးနေပါသည်။

 

၂၀၂၁ မှ ၂၀၂၃ အထိ ရေပန်းစားသည့် လက်ဖက်ထုတ်ကုန် ဝယ်ယူပုံ သုံးစွဲပုံ ခေတ်ဓလေ့များ

၁။ ပရီယီမံ လက်ဖက်ရည်

၂။ ကျန်းမာရေး လက်ဖက်ရည်

၃။ လက်ဖက်ခြောက်၊ လက်ဖက်ရည် အွန်လိုင်း ဈေးဝယ်ခြင်း

၄။ ကက်ပ်စူးအတောင့် လက်ဖက်ခြောက်

၅။ ပတ်ဝန်းကျင် မိတ်ဖက်ကျ ထုပ်ပိုးမှု

၆။ လက်ဖက်ရည် အအေးဖျော်ရည်

၇။ ကော်ဖီ မသောက်တော့ဘဲ လက်ဖက်ရည် ပြောင်းသောက်ခြင်း

၈။ အရည်အသွေးနှင့် လက်ရွေးစင် ရွေးချယ်မှု

၉။ နမူနာ အထုပ်များ

၁၀။ အိမ်အနီးအနား ဆိုင်မှာ ဝယ်ယူခြင်း

 

လက်ဖက် ထုတ်ကုန် အမျိုးမျိုးတွင် ရောင်းအား အခိုင်မာဆုံး ၅ မျိုး

 

•ဆေးဖက်ဝင်အပင်များနှင့်သစ်သီးလက်ဖက်ရည် 

အစာခြေစနစ်ကို အထောက်အကူပြုပြီး အူလမ်းကြောင်းကို ထိန်းညှိပေးပါသည်။

 

•Moringa လက်ဖက်ရည်

ဆီးချိုရောဂါကို ကုသရန်နှင့် သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည်။

 

•Pu-erh လက်ဖက်ရည်

အူလမ်းကြောင်းကို အဆိပ်အတောက် ပြယ်စေသည်။

 

• Honeybush လက်ဖက်ရည်

ကျန်းမာရေး‌ ကောင်းစေသည့် ဓာတ်များ ပါဝင်ပါသည်။

 

• Sparkling လက်ဖက်ရည်

ငယ်ရွယ်သော စားသုံးသူများကြားတွင် ရေပန်းစားသော လန်းဆန်းသွား‌စောဖျော်ရည်ဖြစ်သည်။

  

Source nationthailand 


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Wednesday, 26 July 2023 17:58
Rate this item
(0 votes)