Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


မတ်လတွင် မြန်မာပြောင်း တရုတ် ၆ဆတိုးဝယ်ယူခဲ့

မတ်လတွင် မြန်မာပြောင်း တရုတ် ၆ဆတိုးဝယ်ယူခဲ့

ပြောင်းတင်သွင်းမှု အများဆုံးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက မတ်လတွင် ပြောင်းတန်ချိန် ၁၆,၄၀၈ ဝယ်ယူခဲ့ကြောင်း တရုတ်နိုင်ငံ အကောက်ခွန်ဦးစီးဌာနမှ အချက်အလက်များအရ သိရသည်။
၂၀၂၁ မတ်လတွင် မြန်မာနိုင်ငံမှ ပြောင်းတန်ချိန် ၂,၅၃၀ တင်သွင်းခဲ့သည်။ သို့ဖြစ်ရာ ယခုနှစ်တွင် ယခင်နှစ်မတ်လထက် ၆၄၀% ပိုများသည်။

မြန်မာနိုင်ငံတွင် ၂၀၂၀/၂၁ တွင် ပြောင်းတန်ချိန် ၂.၄၅ သန်း ထုတ်လုပ်ပြီး ၇၀% ကျော်ကို ပြည်ပသို့ တင်ပို့ခဲ့ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန အချက်အလက်များအရ သိရသည်။

တရုတ်နိုင်ငံသည် စစ်ဖြစ်ပွားနေသည့် ယူကရိန်းနိုင်ငံထံမှ မတ်လတွင် ပြောင်းတန်ချိန် ၁.၃၆ သန်း တင်သွင်းခဲ့သည်။ စစ်မစတင်ခင် သင်္ဘောတင်ထားသော ပြောင်းများ ဖြစ်ပြီး မတ်လတွင် တရုတ်နိုင်ငံရှိ ဆိပ်ကမ်းများသို့ ၎င်းသင်္ဘောများ ဆိုက်ကပ်ပြီး ကုန်ချခဲ့ကြသဖြင့် မတ်လအတွက် တင်သွင်းသည့် စာရင်းတွင် ပါဝင်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ဧပြီလတွင် လျော့ကျသွားမည် ဖြစ်သည်။

အမေရိကန်မှ ၂၀၂၂ မတ်လတွင် တင်သွင်းသည့် ပြောင်းတန်ချိန်မှာ ယခင်နှစ်မတ်လနှင့် အတူတူပင်ဖြစ်ပြီး တန်ချိန် ၁၀.၄ သန်း တင်သွင်းပါသည်။

Read 1493 times
Rate this item
(0 votes)