Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


စူပါမားကက်မှ အိမ်အပြန်ရေအိတ်ထဲမှ ပုစွန်အရှင် အပူလှိုင်းကြောင့် ပြုတ်ပြီးသား ဖြစ်သွား

 စူပါမားကက်မှ အိမ်အပြန်ရေအိတ်ထဲမှ ပုစွန်အရှင် အပူလှိုင်းကြောင့် ပြုတ်ပြီးသား ဖြစ်သွား

တရုတ်နိုင်ငံတွင် ပုံမှန်မဟုတ်သော အပူချိန်များ မြင့်မားနေပြီး မြို့အများအပြားတွင် ပျမ်းမျှ ၃၈ ဒီဂရီအထိ မြင့်တက်လာသည်။

 အပူလှိုင ရာသီဥတုကြောင့် မြစ်များ၊ ရေကန်များနှင့် ရေလှောင်ကန်များ သိသိသာသာ ကျုံ့သွားသည်ကို တွေ့မြင်ရပြီး အချို့မှာ ယခုအခါ ခန်းခြောက်နေပါသည်။

တရုတ်နိုင်ငံတွင် ပြင်းထန်သော အပူလှိုင်းတစ်ခုကြောင့် စူပါမားကတ်တစ်ခုတွင် ဝယ်ယူခဲ့သော ပုစွန်အရှင်များသည် အပူချိန်မြင့်မားမှုကြောင့် အိမ်သို့သယ်ဆောင်သွားသော အိတ်ထဲတွင် ငါးနွေး ပုစွန်ကွေးဆိုသည့်အတိုင်း ကျက်သွားလဒ့ပါသည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟီနမ် ပြည်နယ် Xinyang မှ Fang ဟု မျိုးရိုးအမည်ရှိ အမျိုးသမီးက စူပါမားကက်မှာ ပုစွန်အရှင်များ ဝယ်ယူပြှီး ပလတ်စတစ်အကြည်သား ရေအိတ်ထဲထည့်ပြီး အိမ်သို့ သယ်ပါသည်။  ဝယ်ယူပြီး တစ်နာရီအကြာမှာ သူတို့ရဲ့ ရေပြည့်အိတ်ထဲမှာ သေဆုံးနေတဲ့ ပုစွန်တွေကို တွေ့ရှိခဲ့ပါသည်။

သူမက စနေနေ့ မနက် ၉ နာရီဝန်းကျင်မှာ ဝယ်ယူခဲ့ပါတယ်။ အိမ်ကို ကြာချိန် တစ်နာရီ မပြည့်ခင်မှာ ရောက်ရှိခဲ့ပါသည်။ အချို့ပုဇွန်တွေက ကျက်သွားရင် နီတဲ့အတိုင်း နီနေပါပြီ။ ထိုနေ့ နံနက် အပူချိန် ၄၀ ဒီဂရီ ဆဲလ်စီးယပ် ရှိပါသည်။

“သူတို့ကို ကျွန်မ ဝယ်တုန်းက သူတို့ အရမ်းလန်းတယ်၊ အားလုံးက အသက်ရှင်လျက် လှုပ်နေကြတယ်” လို့ Fang က ပြောပါတယ်။

 

Save_on_gas_02.jpg

"ရာသီဥတု ပူလွန်းတာ‌ေကြာင့် ဖြစ်နိုင်ပါတယ်။ ပူနေတဲ့ ကြမ်းခင်းပေါ် အထုပ်ကို ကျွန်မ ချထားမိခဲ့တယ်။ ကျွန်မ စီးတဲ့ လျှပ်စစ်စက်ဘီး နောက်ဘက်ခြင်းထဲ ထည့်ပြီးသယ်လာတော့ တလမ်းလုံး နေပူလှန်းခံရတယ်" လိူ့ Fang က ပြောပါတယ်။

ပုစွန်တွေ ပြုတ်ပြီးသား ဖြစ်သွားတဲ့ သတင်း ဗီဒီယိုကို အင်တာနက်မှာ ရှာဖွေ ကြည့်ရှုသူ များပြားခဲ့ပါတယ်။

#MyanmarFoodIndustryGuide

Telegram Channel https://t.me/Guid4U

Source SCMP

Read times
Rate this item
(0 votes)