Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဟောင်ကောင်စတိုင်လ် ကြက်ဥပူတင်း

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ကလေးများကော လူကြီးများပါ ကြိုက်နှစ်သက်ပြီး ဆိုင်တွင်

သွားရောက်စားသောက်စရာမလိုဘဲ အိမ်တွင်လည်း လွယ်လင့်တကူ ပြုလုပ်နိုင်တဲ့ ကြက်ဥပူတင်း ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ဂျုံမှုန့်၊ ထောပတ်၊ Powder Sugar ၊ နို့မှုန့်၊ ကြက်ဥ၊ သကြား၊ ဗနီလာ၊ နို့စိမ်း တို့ လိုအပ်ပါမယ်။

 

ပထမဆုံး အိုးတစ်အိုးထဲ ဂျုံမှုန့်၊ ထောပတ်၊ Powder Sugar ၊ နို့မှုန့်နှင့် ကြက်ဥတို့ကို ရောထည့်ပြီး သမအောင်မွှေပေးပါ။

 

ပြီးလျှင် မုန့်သားလုံးလေးရလာလျှင် အရွယ်တော်အလုံးကလေးများဖြစ်အောင်ပြုလုပ်ပြီး ထောပတ်သုပ်ထားတဲ့ ပုံစံခွက်ထဲ ဖြန့်ခင်းပြီး ထည့်လိုက်ပါ။

 

ပြီးနောက် ခွက်၏ ဘေးနံရံအနားသားအထိရောက်အောင် မုန့်သားကို တွန်းပို့ပေးပါ။ မုန့်ခွက်များကို မုန့်ဗန်းအပေါ် တစ်လက်မစီခြားပြီး ထည့်ပေးပါ။

 

ပြီးရင်တော့ အိုးတစ်အိုးထဲ ရေသန့်နှင့် သကြားဖြူကို ရောကာ မီးဖိုပေါ် အပူပေးပြီး ဆူအောင်ထားပေးပါ။ သကြားလုံးဝ ပျော်ဝင်သွားလျှင် မီးဖိုပေါ်ကချပြီး အအေးခံပါ။

 

ကြက်ဥကို သကြားရည်နဲ့ သမအောင်ရောမွှေပေးပါ။ ပြီးလျှင် ဗနီလာရည်နှင့် နို့စိမ်းကို ရောထည့်ပြီး သမအောင်မွှေပေးပါ။

 

သမအောင်မွှေထားတဲ့ ကြက်ဥအရောအနှောကို မုန့်ဗန်းပေါ်က မုန့်ခွက်များပေါ် သုံးပုံလေးပုံ ပြည့်သည်အထိ လောင်းထည့်လိုက်ပါ။

 

အာဗင်ကို ကြိုတင်၍ အပူပေးပြီးလျှင် မုန့်ဗန်းကို ဆယ်မိနစ်ခန့် ဖုတ်ပေးပါ။

 

မုန့်အနားသား ညိုလာပြီး ကြက်ဥ မျက်နှာပြင် အနည်းငယ်ဖောင်းပြီး တင်းလာလျှင် အာဗင်က ထုတ်ယူ၍ အအေးခံပြီး အရသာရှိတဲ့ ကြက်ဥပူတင်းလေးကို သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:40
Rate this item
(2 votes)