Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ပြည်တွင်း ငှက်ပျောဈေးကွက်တွင် ငှက်ပျောဈေးများ အမြင့်ဈေးဖြင့် တည်ငြိမ်နေ

မကြာသေးမီက ငှက်ပျောစိုက်ပျိုးထုတ်လုပ်ရာ ဒေသအသီးသီးရှိ ငှက်ပျောဈေးကွက်တို့တွင် ဈေးနှုန်းအပြောင်းအလဲများ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သည်။


စိုက်ပျိုးထုတ်လုပ်သော ဒေသအချို့တွင် ငှက်ပျောသီးဈေးနှုန်းများ လျင်မြန်စွာ မြင့်တက်လာသည်။
သို့သော်လည်း အချိန်တိုအတွင်း မြင့်မားသောစျေးနှုန်းများ မြင့်တက်မှုကြောင့် ဝယ်လက်များ တုံ့ဆိုင်းသွားကြပြီး အမှာစာများ ကျဆင်းသွားပါသည်။ သို့ဖြစ်ရာ ဈေးအတက် ရပ်သွားသည်။
ငှက်ပျောသီး ဈေးကွက်အများစုတို့တွင် အမြင့်ဈေးနှုန်းမှာ တန့်နေကြပြီး အချို့သော ငှက်ပျောစိုက်ခင်းများ ရှိရာ ဒေသများတွင် ဈေးနှုန်း အနည်းငယ် ကျဆင်းသည်။


ယူနန်ပြည်နယ်၏ ငှက်ပျောဈေးကွက်သည် ယေဘုယျအားဖြင့် ကွမ်ရှီကဲ့သို့ ဈေးကောင်းမရသဖြင့် ယူနန်ငှက်ပျောဈေးကွက်တွင် ဈေးအတက်အကျ မကြမ်းချေ။
လက်ရှိတွင်၊ ကွမ်ရှီ Guangxi သည် တရုတ်နိုင်ငံ၏ အဓိက ထုတ်လုပ်မှုဧရိယာဖြစ်ပြီး ထွက်ရှိသေ ငှက်ပျောများ ဈေးကောင်းရရှိသည်။
ယူနန်ပြည်နယ်မှ ထွက်ရှိသော ငှက်ပျောသီးများသည် လက်ကားစျေးကွက်သို့ အမြောက်အမြား စီးဝင်ဖို့ အချိန်လိုသေးသည်။

ပြည်ပမှ တင်သွင်းသည့် ငှက်ပျောသီး ကို ကြည့်လျှင် လာအိုနှင့် မြန်မာနိုင်ငံတို့သည် ပြည်တွင်း စိုက်ပျိုးထွက်ရှိရာ ဒေသများသည် ကိုဗစ်တားဆီးရန် နယ်ခြားဂိတ်များ ပိတ်ထားသဖြင့် တရုတ်ပြည်တွင်းသို့ တင်သွင်းခွင့် ပိတ်ထားသည်။
ခြုံငုံကြည့်လျှင် ငှက်ပျောသီးစျေးနှုန်းသည် တရုတ်ပြည်တွင်း ဈေးကွက်တွင် တစ်ကီလိုလျှင် ၆ ယွမ် ကျဆင်းသွားသည်။

Read times
Rate this item
(0 votes)