Chinese



တရုတ်ပြည်တွင်းဈေးကွက်မှာ Pacific Coffee အရေးနိမ့်

တရုတ်ပြည်တွင်းဈေးကွက်မှာ Pacific Coffee အရေးနိမ့်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

တစ်ချိန်က Starbucks ပြီးနောက် တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး ကော်ဖီဆိုင်ခွဲများ လုပ်ငန်းဖြစ်သည့် Pacific Coffee သည် Luckin Coffee နှင့် Tim Hortons ကဲ့သို့သော လျင်မြန်စွာ ကြီးထွားလာသောပြိုင်ဘက်များနှင့် ပြိုင်ဆိုင်မှုပြင်းထန်လာချိန်တွင် ဆိုင်ခွဲကွန်ရက်တွင် ဆိုင်အရေအတွက် လျော့ကျလာသည်။

.

Pacific Coffee သည် ပြီးခဲ့သည့် ၃ နှစ်တာတွင် ကော်ဖီဆိုင် ၁၀၀ ကျော် အပြီးအပိုင် ပိတ်ခဲ့သည်။ ၄၂ ဆိုင်ကို ယာယီပိတ်ထားသည်။ ယခုအခါ ၃၁၉ ဆိုင် ဖွင့်လှစ်ထားသည်ဟု ဧည့်ခံကျွေးမွေးရေး လုပ်ငန်းကဏ္ဍ ဒေတာပလက်ဖောင်း Canyandata.Com တွင် စာရင်းဖော်ပြထားသည်။

.

၁၉၉၂ ခုနှစ်တွင် ဟောင်ကောင်မှာ တည်ထောင်ခဲ့ပြီး Pacific Coffee သည် ၂၀၁၁ ခုနှစ်တွင် တရုတ်ပြည်မကြီးသို့ ဝင်ရောက်ခဲ့သည်။

 

 

5b8920415c5e523a1e8b4be2.jpg

 

 

ကော်ဖီဆိုင်ခွဲ ဒုတိယအများဆုံးဖြစ်သည် Costa ကော်ဖီဆိုင်ခွဲများ လုပ်ငန်းထက် ဆိုင်အရေအတွက် ပိုများသည်အထိ Pacific Coffee ကြီးထွားလာပြီး တရုတ်နိုင်ငံတွင် ဒုတိယအကြီးဆုံး ကော်ဖီဆိုင်ခွဲများ လုပ်ငန်းဖြစ်လာသည်။

တရုတ်နိုင်ငံတွင် ဆိုင်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် Starbucks က ပထမနေရာတွင် ရှိနေခဲ့သည်။

 

 

starbucks_china.png

.

 

Pacific Coffee သည်  ၂၀၁၉ မှစ၍ အရှိန်ကျဆင်းလာသည်။ ၂၀၂၀ ခုနှစ်တွင် ဆိုင်ခွဲအသစ် ၄၄ ဆိုင်ထပ်ဖွင့်ပြီး တိုးချဲ့ခဲ့သည်။ ယခုနှစ်တွင် ဆိုင်ခွဲအသစ် ၆ ဆိုင်သာ ဖွင့်လှစ်ခဲ့သည်။ ပုံမှန် ကော်ဖီတစ်ခွက် ဈေးနှုန်းမှာ ယွမ် ၃၀ (USD4.20) ဖြစ်သည်။

.

 Luckin Coffee ကော်ဖီဆိုင်ခွဲများ လုပ်ငန်းသည် ကော်ဖီဆိုင်ခွဲ တစ်သောင်းကျော် ဖွင့်လှစ်ထားပြီး ယခုအခါ ဆိုင်ခွဲအများဆုံး ဖွင့်လှစ်ထားသည့် ကော်ဖီဆိုင်ခွဲများလုပ်ငန်းအဖြစ် နံပါတ်(၁) နေရာတွင် ရပ်တည်နေသည်။

 

01-2-1024x819.jpg

 

 

နံပါတ် (၂) နေရာမှ Starbucks သည် ဆိုင်ပေါင်း ၇,၀၀၀ ကျော်ရှိသည်။ အမေရိကန်ကုမ္ပဏီ Starbucks သည် တိုးချဲ့မည့် အစီအစဉ် ရှိသည်။ ၂၀၂၅ ခုနှစ်တွင် ဆိုင်ပေါင်း ၉,၀၀၀ ရှိရန် ရည်မှန်းထားသည်။ ဝန်ထမ်းဦးရေ လက်ရှိ ၆၀,၀၀၀ မှ ၉၀,၀၀၀ ကျော်အထိ ရှိလာမည် ဖြစ်သည်။ 

စားသောက်ဆိုင် အမှတ်တံဆိပ် International က Tim Hortons အမှတ်တံဆိပ်ဖြင့် ကော်ဖီဆိုင်များ ဖွင့်လှစ်ပြီး ပြိုင်ဆိုင်သည်။ မြို့ငယ်များကို အဓိကထားပြီး ဆိုင်ခွဲအသစ်များ ဖွင့်လှစ်သည်။

 

-1x-1.jpg

 .

 

ကော်ဖီဆိုင် လုပ်ငန်းကဏ္ဍထဲ ကုမ္ပဏီအသစ် အများအပြား မှိုပေါက်သည့်နှယ် ပေါ်ပေါက်နေသည်။ ယခုနှစ် ပထမ ၄ လအတွင်း တရုတ်ပည်မှာ ကော်ဖီဆိုင် ကုမ္ပဏီအသစ် ၁၈,၀၀၀ ဝန်းကျင် တိုးလာသည်။ 

 

 

photo_2023-07-01_13-44-05.jpg

.

 

Pacific Coffee ၏ အကြီးမားဆုံးပြဿနာမှာ Starbucks၊ Zhu Danpeng အပါအဝင် ကော်ဖီတစ်ခွက် ယွမ် ၃၀ အတန်းအစား ကော်ဖီဆိုင်ခွဲများတွင် ဝင်ပြိုင်နိုင်လောက်အောင် အမှတ်တံဆိပ်က ကြီးကြီးမားမား ဖြစ်မနေခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ရောင်းအားကျဆင်းလာနေပြီး ဆိုင်ခွဲများ ပိတ်သိမ်းနေရသည်။ 

တရုတ်ပြည် စားသောက်ကုန် လုပ်ငန်းကဏ္ဍ ဆန်းစစ်လေ့လာသူ Zhu Danpeng က Pacific Coffee ၏ မဟာဗျူဟာသည် "စီးပွားရေးသမားများ" ကို အာရုံစိုက်ထားပြီး ဈေးတင်ထားသဖြင့်  ယှဉ်ပြိုင်နိုင်စွမ်း အားနည်းနေသည်။ ဈေးနှုန်းချပေးမှ အဆင်ပြေလိမ့်မည်ဟု သုံးသပ်သည်။

 

 Source yicaiglobal 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 01 July 2023 13:54
Rate this item
(0 votes)