Chinese



တရုတ် နို့ထွက်ပစ္စည်းလုပ်ငန်းကြီး Yili ပြည်တွင်းပြည်ပ တစ်ဟုန်ထိုး တိုးချဲ့

တရုတ် နို့ထွက်ပစ္စည်းလုပ်ငန်းကြီး Yili ပြည်တွင်းပြည်ပ တစ်ဟုန်ထိုး တိုးချဲ့

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

လတ်ဆတ်သောနို့ထွက်ပစ္စည်းများကို ကမ္ဘာ့စားသုံးမှုသည် ၂၀၂၁ မှ ၂၀၃၀ ခုနှစ်အထိ ၂၂% တိုးလာမည်ဟု ခန့်မှန်းထားသည်။  ထောပတ်စားသုံးမှု ၁၉% နှင့် ဒိန်ခဲ ၁၂% တိုးလာမည်ဟု ခန့်မှန်းထားသည်။

လက်ရှိအချိန်မှာ တိရစ္ဆာန်အစာ ဈေးနှုန်းမြင့်တက်လာခြင်းသည့် ကမ္ဘာ့နို့ထွက်ပစ္စည်းလုပ်ငန်းကို ထိခိုက်စေသည်။ ကုန်ကျစရိတ်ထိန်းချုပ်မှုသည် ၀င်ငွေတိုးရန် သော့ချက်ဖြစ်ဖွယ်ရှိသည်။

 

ကမ္ဘာ့ဝယ်လိုအား မြင့်တက်လာမှုနှင်အညီ တရုတ်နိုင်ငံ၏ နို့ထွက်ပစ္စည်းကုမ္ပဏီကြီး Yili သည် နယူးဇီလန်နှင့် ပြည်တွင်းတွင် ရင်းနှီးမြုပ်နှံမှုများ လုပ်ဆောင်နေသည်။ နိုင်ငံရပ်ခြားတွင် လုပ်ငန်းများကို ထက်သန်စွာဖြင့် ဈေးဝယ်ထွက်နေပါသည်။

Yili သည် အောက်တိုဘာလတွင် နယူးဇီလန်မှ ထုတ်လုပ်ရေး လုပ်ငန်းတစ်ခုကို ဝယ်ယူခဲ့သည်။ ပြည်တွင်းတွင် စက်ရုံသစ်တစ်ခု မကြာသေးခင်က ဖွင့်လှစ်ခဲ့သည်။ 

၂၀၂၂ ဇန်နဝါရီမှ စက်တင်ဘာလအထိ ကာလအတွင်း အရောင်းနှင့် အသားတင်အမြတ်ငွေ နှစ်ခုစလုံးသည် စံချိန်တင် ကိန်းဂဏန်းများဖြစ်ခဲ့သည်။ ရောင်းအားမှာ ယွမ် ၈၃.၄ ဘီလီယံ ရှိသည်။ အသားတင်အမြတ်ငွေ ယွမ် ၈ ဘီလီယံ ရရှိသည်။ 

 

ယခုအခါ Yili သည် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် အကြီးဆုံး နို့ထွက်ပစ္စည်း ကုမ္ပဏီ ဖြစ်လာသည်။

New Zealand ၏ဒုတိယအကြီးဆုံးနို့ထွက်ပစ္စည်းကုမ္ပဏီဖြစ်သည့် Westland Milk Products ကို Yili မှ ရာနှုန်းပြည့် ပိုင်ဆိုင်ပါသည်။

ထောပတ်နှင့် ဒိန်ခဲထုတ်လုပ်သည့် Canary Foods တို့ကို ဝယ်ယူခဲ့ကြောင်း အောက်တိုဘာလတွင် ကြေညာခဲ့ပြီး ၎င်း၏ ထုတ်ကုန်အမျိုးအစားများကို တိုးချဲ့လိုက်ခြင်း ဖြစ်သည်။ 

Westland သည် ဇူလိုင်လတွင် ထောပတ်စက်ရုံတစ်ခုကို ဖွင့်လှစ်ခဲ့သည်။

 

Yili သည် နယူးဇီလန်မှ နို့ထွက်ပစ္စည်းကုမ္ပဏီကြီး Oceania Dairy ကို ၂၀၁၃ ခုနှစ်တွင် ဝယ်ယူခဲ့ပြီးကတည်းက နိုင်ငံရပ်ခြားတွင် ၎င်း၏ခြေကုပ်ကို ဆက်တိုက်တိုးချဲ့ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် Westland ကို ယွမ် ၁.၁ ဘီလီယံ (ဒေါ်လာ ၁၅၆.၅၉ သန်း) ဖြင့် ဝယ်ယူခဲ့သည်။

 

၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် Yili သည် အင်ဒိုနီးရှားတွင် ရေခဲမုန့်နှင့် အခြားထုတ်ကုန်များအတွက် စက်ရုံတစ်ခုကို စတင်လည်ပတ်ခဲ့သည်။ အရှေ့တောင်အာရှတွင် Yili ၏ ပထမဆုံး တည်ဆောက်ဖွင့်လှစ်လိုက်သည့် စက်ရုံဖြစ်သည်။

 

နယ်သာလန်နှင့် တရုတ်နိုင်ငံတို့တွင် မွေးကင်းစကလေးဖော်မြူလာနှင့် နို့မှုန့်များအတွက် ထုတ်လုပ်ခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အခြေခံ အရင်းအမြစ် များရှိသည့် တရုတ်ကုမ္ပဏီတစ်ခုဖြစ်သော Ausnutria Dairy ၏ ရှယ်ယာ ၅၉% ခန့်ကို ၂၀၂၂ မတ်လတွင် Yili က ဝယ်ယူခဲ့သည်။

 

၂၀၂၂  ဇူလိုင်လတွင် Yili သည် ကုမ္ပဏီရုံးချုပ်တည်ရှိရာ မွန်ဂိုလီယား အတွင်းပိုင်း ဟိုဟော့တွင် နို့နှင့်ဖော်မြူလာစက်ရုံတစ်ခုကို လုပ်ငန်းစတင်လည်ပတ်ခဲ့သည်။

 

၂၀၂၁ ခုနှစ်တွင် Yili ၏ နှစ်စဉ်ထုတ်လုပ်မှု စွမ်းရည်မှာ တန်ချိန် ၁၄.၁၃ သန်းဖြစ်သည်။

Yili သည် တစ်နှစ်တာအတွင်း စက်ရုံများနှင့် စက်ပစ္စည်းများတွင် ယွမ် ၁၄.၈ ဘီလီယံ ရင်းနှီးမြှုပ်နှံကာ ပြည်တွင်း၌သာမက ပြည်ပတွင် စက်ရုံများနှင့် ဂိုဒေါင်များ တိုးချဲ့ရန် စီစဉ်ထားသည်။

 

China Commercial Industry Research Institute ၏ အဆိုအရ တရုတ်နိုင်ငံတွင် နို့ထွက်ပစ္စည်းများ ရောင်းချမှုသည် ၂၀၂၁ ခုနှစ်တွင် ယွမ် ၄၆၈.၇ ဘီလီယံ ရှိသည်။ Yili ၏ ဈေးကွက်ဝေစုမှာ ၂၃ ရာခိုင်နှုန်းဖြစ်သည်။

ဒတ်ခ်ျဘဏ္ဍာရေးအဖွဲ့အစည်း Rabobank ၏အဆိုအရ  ၂၀၂၁ ခုနှစ်တွင် နို့ထွက်ပစ္စည်းထုတ်လုပ်သူများအကြား ကမ္ဘာ့ရောင်းအားတွင် Yili သည် ပဉ္စမအဆင့်ရှိသည်။

 

ထိပ်တန်း ၄ နေရာကို အနောက်တိုင်းမှ ကုမ္ပဏီးကြီးများက ရရှိထားပါသည်။ ၎င်း ကုမ္ပဏီကြီး ၄ ခုမှာ ပြင်သစ်နိုင်ငံမှ Lactalis ၊ ဆွစ်ဇာလန်နိုင်ငံမှ  Nestle ၊ အမေရိကန်နိုင်ငံမှ Dairy Farmers ၊ 

 ပြင်သစ်မှ Danone တို့ ဖြစ်ပါသည်။

Source Asia Nikkei 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Friday, 20 January 2023 19:44
Rate this item
(0 votes)