Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


GACC မှတ်ပုံတင်ထားသည့်ကုမ္ပဏီများ နယ်စပ်မှတစ်ဆင့် တရုတ်သို့ ပြောင်းဖူးတင်ပို့နိုင်မည်

GACC မှတ်ပုံတင်ထားသည့်ကုမ္ပဏီများ နယ်စပ်မှတစ်ဆင့် တရုတ်သို့ ပြောင်းဖူးတင်ပို့နိုင်မည်

 

ဇူလိုင်လ ၁၃ ရက်နေ့တွင် တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) ပြောဆိုခွင့်ရပုဂ္ဂိုလ် Mr. Li Kuiwen က ယခုနှစ်ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံကုန်ပစ္စည်း ကုန်သွယ်ရေးပို့ကုန်သွင်းကုန် စုစုပေါင်းတန်ဖိုးသည် တရုတ်ယွမ်ငွေ ၁၉.၈ ထရီလီယံရှိပြီး ယမန်နှစ်ကာလတူထက် ၉.၄% တိုးတက်လာကြောင်း၊ တရုတ်နိုင်ငံသည် Industry chain တည်ငြိမ်ရေးအား တက်တက်ကြွကြွမြှင့်တင်လျက်ရှိပြီး အရေးကြီး Industry chain supply chain လုပ်ငန်းများ၏ အာမခံလုပ်ငန်းအား ကောင်းမွန်စွာဆောင်ရွက်လျက်ရှိကြောင်း၊ စားနပ်ရိက္ခာတင်သွင်းမှု အဆင်ပြေချောမွေ့ရေးနှင့် လာရာအရင်းအမြစ်အမျိုးစုံလင်မှုတို့အား ဖော်ဆောင်ခြင်းဖြင့် မြန်မာနိုင်ငံ ပြောင်းဖူး၊ မာလဝီနိုင်ငံ ပဲပိစပ်၊ ဘရာဇီးနိုင်ငံ ပြောင်းဖူးနှင့်မြေပဲစသည်တို့အား တရုတ်နိုင်ငံသို့တင်သွင်းရန် အပင်ကျန်းမာရေးဆိုင်ရာလိုအပ်ချက်သဘောတူစာချုပ်အား လက်မှတ်ရေးထိုးပြီးစီးခဲ့၍ RCEP အဖွဲ့ဝင်နိုင်ငံများ၏ အရည်အသွေးမြင့်စိုက်ပျိုးရေးထွက်ကုန်များ တရုတ်နိုင်ငံသို့တင်ပို့မှုအား ဖော်ဆောင်ခဲ့သည် ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏ပြောင်းဖူးရာသီ မကြာမီကျရောက်လာပါတော့မည်။ တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးအာဏာပိုင်အဖွဲ့ (GACC) တွင် မှတ်ပုံတင်ထားသည့်ကုမ္ပဏီများသည် နယ်စပ်ဂိတ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြောင်းဖူးတင်ပို့နိုင်သည်။ ထိုကဲ့သို့ဖြင့် ကုန်စည်ပို့ဆောင်ရေးကုန်ကျစရိတ်လျှော့ချနိုင်ပြီး မြန်မာနိုင်ငံတောင်သူများ ဝင်ငွေတိုးပွားလာစေမည်ဖြစ်သည်။

#MyanmarFoodIndustryGuide
Telegram Channel
https://t.me/Guid4U

Source Chinese Embassy

Read times
Rate this item
(0 votes)