Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံတွင် တိုက်ခန်းအသစ်များ "ကြက်သွန်ဖြူကမ်ပိန်း"ဖြင့် ရောင်းချ

တရုတ်နိုင်ငံတွင် တိုက်ခန်းအသစ်များ "ကြက်သွန်ဖြူကမ်ပိန်း"ဖြင့် ရောင်းချ


တရုတ်နိုင်ငံတွင် ရုန်းကန်နေရသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များသည် ဖရဲသီး၊ မက်မွန်သီးနှင့် အခြားလယ်ယာထွက်ကုန်များအတွက် အိမ်ရာတိုက်ခန်းများအတွက် ငွေပေးချေမှုများ စတင်ပြုလက်ခံ‌ေပးနေပြီဟု နိုင်ငံပိုင်မီဒီယာကတွင် ဖော်ပြသည်။

 စီမံကိန်းတွင် ဆောက်လုပ်ရေးလုပ်ငန်း မစတင်မီ ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဘဏ်ချေးငွေ ရယူခြင်းကို တရုတ် အစိုးရက တားမြစ်လိုက်ခြင်းကြောင့် စီးပွားရေးနှေးကွေးမှုနှင့် ကြွေးမြီအကျပ်အတည်းများ ဖြစ်ပေါ်ကုန်သဖြင့် တရုတ်နိုင်ငံ၏ အိမ်ရာဈေးကွက်သည် ထိခိုက်ကျရှုံးသွားခဲ့သည်။ 


အရှေ့ပိုင်းမြို့ နန်းဂျင်းမှ developer တစ်ဦးက ဒေသခံတောင်သူများထံမှ အိမ်ရာတိုက်ခန်း ပေးချေမှုအဖြစ် ယွမ်တစ်သိန်းအထိ  ဖရဲသီးများဖြင့် ပေးချေခြင်းကို လက်ခံမည်ဟု ပြောကြားခဲ့‌ေကြာင်း အစိုးရပိုင် China News Weekly တွင် ဖော်ပြထားသည်။

အနီးနားရှိ Wuxi မြို့ငယ်လေးတွင်  developer များသည် မက်မွန်သီးများကို ငွေပေးချေမှုအဖြစ် သဘောတူလက်ခံပေးနေကြောင်း ၎င်းမဂ္ဂဇင်းက ဆိုသည်။

တရုတ်နိုင်ငံ အလယ်ပိုင်း ဟီနန် ပြည်နယ်ရှိ ကြက်သွန်ဖြူ အဓိကထွက်ရှိသော ဒေသဖြစ်သည့် ချီခရိုင်ရှိ အိမ်ရာတိုက်ခန်း ဝယ်သူများသည် ၎င်းတို့၏ စိုက်ပျိုးထုတ်ကုန်များကိုစျေးကွက်ပေါက်ဈေးထက် သုံးဆဖြင့် ဈေးနှုန်းသတ်မှတ်ပြီး တိုက်ခန်းဖိုး ငွေအကြေပေးချေခြင်း၏ တစ်စိတ်တစ်ပိုင်းကို ပေးချေရန် developer များက သဘောတူခွင့်ပြုထားသည်။ 
တစ်နည်းဆိုရသော် တိုက်ခန်းတန်ဖိုးကို တစ်ဖက်လှည့်ဖြင့်  လျှော့ဈေးရောင်းချပေးခြင်းဖြစ်သည်။

 "ကြက်သွန်ဖြူရာသီသစ်အခါသမယတွင် ကုမ္ပဏီသည် Qi ခရိုင်ရှိ ကြက်သွန်ဖြူစိုက်တောင်သူများအတွက် အကျိုးရှိစေရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့သည်" ဟု အိမ်ဆောက်သူ Central China Management က မေလနှောင်းပိုင်းတွင် ဆိုရှယ်မီဒီယာမှာ ကြေညာခဲ့သည်။

"လယ်သမားတွေကို မေတ္တာနဲ့ ကူညီပေးပြီး အိမ်ဝယ်ဖို့ လွယ်ကူအောင် လုပ်နေပါတယ်”ဟု Central China Management က ပြောကြားသည်။

"ကြက်သွန်ဖြူကမ်ပိန်း"garlic campaign ဖြင့် အိမ်ရာတိုက်ခန်း ၃၀ ခန့် ရောင်းချနိုင်ခဲ့ကြောင်း ကုမ္ပဏီက ပြောကြားသည်။

#MyanmarBuilderGuide

Source CNA

Read times
Rate this item
(0 votes)