Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ထုပ်ပိုးမှုသင်တန်းပေး

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ထုပ်ပိုးမှုသင်တန်းပေး

 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေပံ့ပိုးမှုဖြင့် လန်ချန်း-မဲခေါင်ဒေသ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဟင်းသီးဟင်းရွက် ပျိုးထောင်ရေး နည်းပညာလွှဲပြောင်းမှုစီမံကိန်းကို မြန်မာနိုင်ငံ၌ဖော်ဆောင်ခဲ့သည်။ အဆိုပါစီမံကိန်းသည် လေ့ကျင့်ရေးဆရာနှင့် တောင်သူများကို ဟင်းသီးဟင်းရွက်စိုက်ပျိုးရေးနည်းပညာ လေ့ကျင့်ပေးခြင်းဖြင့် စံပြစိုက်ခင်းတည်ဆောင်ခြင်းနှင့် တောင်သူများစိုက်ခင်းများအကြား လှုပ်ရှားမှုဖော်ဆောင်ပြီး မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ ကူးလူးဖလှယ်မှုဖော်ဆောင်၍ ဟင်းသီးဟင်းရွက်တောင်သူများ၏ ဟင်းသီးဟင်းရွက်စိုက်ပျိုးမှုအသိပညာ၊ နည်းပညာနှင့် အတွေ့အကြုံမြှင့်တင်ကာ ဟင်းသီးဟင်းရွက်တောင်သူများအတွက် လက်တွေ့ကျသည့် သတင်းအချက်အလက်နှင့် အကြံပြုချက်များ ထောက်ပံ့ပေးခဲ့သည်။ စီမံကိန်းသည် ဟင်းသီးဟင်းရွက်တောင်သူများ မျိုးစေ့၊ ပိုးသတ်ဆေး အသုံးပြုမှု၏ သိပ္ပံနည်းကျမှုနှင့် စားနပ်ရိက္ခာဘေးကင်းမှုအသိစိတ်ကို မြှင့်တင်ပေးလိုက်ပြီး ဟင်းသီးဟင်းရွက်အထွက်နှုန်းနှင့် အရည်အသွေးကို တိုးမြှင့်ပေးလိုက်ကာ ဟင်းသီးဟင်းရွက်တောင်သူများအထွက်နှုန်းတိုးမှုနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေးလုပ်ငန်း၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလိုက်သည်။

 

296173582_5263461003729910_8857579267039454407_n.jpg

 

လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်သည့် “အရည်အသွေးထိန်းသိမ်းပြီး သက်တမ်းပိုမိုကြာမြင့်စေသည့် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ထုပ်ပိုးမှု” စီမံကိန်းအောက်ရှိ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ထုပ်ပိုးမှုသင်တန်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၇ နေ့အထိ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် ကျင်းပပါသည်။ အဆိုပါသင်တန်းတွင် စိုက်ပျိုးရေးပညာရှင်များက ဒေသခံတောင်သူများအား ဟင်းသီးဟင်းရွက်ထုပ်ပိုးမှုနည်းပညာ၊ ပုပ်သိုးလွယ်သီးနှံများအတွက် တံဆိပ်ပြုလုပ်ခြင်း၊ စနစ်တကျသယ်ယူပို့ဆောင်ခြင်း၊ သုတေသနရလဒ်များ အသုံးချခြင်းတို့ဆိုင်ရာ အသိပညာများ ပို့ချခဲ့ရာ တောင်သူလယ်သမားများအား သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ ဘေးကင်းစွာ ထုပ်ပိုးမှုနည်းလမ်းများ ကျွမ်းကျင်ပိုင်နိုင်စေပြီး  စားသောက်ကုန်ထုပ်ပိုးမှုနည်းပညာများကို တိုးတက်စေကာ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ သယ်ယူပို့ဆောင်စဉ်အတွင်း ဆုံးရှုံးမှုများကို လျှော့ချပေးပါသည်။
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေပံ့ပိုးမှုဖြင့် “သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် ဘေးကင်းအရည်အသွေးမြင့် စိုက်ပျိုးမှုနည်းပညာ” စီမံကိန်းကို မြန်မာနိုင်ငံ၌ ဖော်ဆောင်ခဲ့သည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးသည် ၎င်း၏စီးပွားရေးထောက်တိုင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ဆန်နှင့် ဟင်းသီးဟင်းရွက်သစ်သီးဝလံ ထုတ်လုပ်သောနိုင်ငံကြီးဖြစ်သည်။ သို့သော် အချို့သောတောင်သူများက စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ (GAP) အား နားမလည်သဖြင့် ၎င်းတို့ထုတ်လုပ်သည့်စိုက်ပျိုးရေးထွက်ကုန်များသည် ပြည်ပသို့တင်ပို့ရန် ခက်ခဲခြင်း သို့မဟုတ် နိုင်ငံတကာဈေးကွက်တွင် ဈေးနှုန်းမြင့်မြင့်ရရှိရန်ခက်ခဲသည်။ အဆိုပါ လန်ချန်း-မဲခေါင်စီမံကိန်းသည် စိုက်ပျိုးသူ ၂၇၀၀ ဦးအတွက် အော်ဂဲနစ်မြေသြဇာနနှင့် အော်ဂဲနစ်ပိုးသတ်ဆေးများလေ့ကျင့်ရေးလုပ်ဆောင်ပြီး GAP သက်ဆိုင်ရာ စာရွက်စာတမ်းများပေးခြင်းဖြင့် တောင်သူများသည် GAP ဗဟုသုတနှင့်နည်းပညာအကြောင်း ကျွမ်းကျင်ပိုင်နိုင်စေကာ မြန်မာနိုင်ငံ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်း တင်ပို့မှုအရည်အသွေးကို ထိရောက်စွာမြှင့်တင်ပြီး တောင်သူများဝင်ငွေတိုးများလာစေခဲ့သည်။

 

 

#MyanmarFoodIndustryGuide
Telegram Channel  https://t.me/Guid4U

Source Chinese Embassy

Read times Last modified on Wednesday, 03 August 2022 09:18
Rate this item
(0 votes)