Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ပြည် ငှက်ပျောသီးဈေးကွက် နွေကာလ အရောင်းကျ

တရုတ်ပြည် ငှက်ပျောသီးဈေးကွက်  နွေကာလ အရောင်းကျ

 

တရုတ်ပြည် ငှက်ပျောသီးဈေးကွက်တွင် မတ်၊ ဧပြီလနှင့် မေလတို့တွင် ငှက်ပျောတင်သွင်းမှု အမြင့်မားဆုံးဖြစ်ပြီး လစဉ်ပျမ်းမျှ တန်ချိန် ၂၁၀,၀၀၀ ခန့်ရှိသည်။

တရုတ်နိုင်ငံတွင် နွေရာသီသည် ဇွန်လမှ စတင်ပြီး ဩဂုတ်လအထိ ဖြစ်သည်။

နွေရာသီတွင် တရုတ်ပြည် ငှက်ပျောသီး ဈေးကွက်မှာ ရောင်းအားကျသည်။

နွေရာသီသည် ရောင်းအားကျချိန် ဖြစ်သည်။

ဇွန်နှင့် ဇူလိုင်တွင် ရောင်းအားအကျဆုံး ဖြစ်သည်။

ဩဂုတ်လတွင် ဦးပြန်မော့သည်။ ပြည်ပမှ ငှက်ပျောသီးများ တင်သွင်းမှု စတင်များပြားလာသည်။

 

Covid-19 ကပ်ရောဂါကာလအတွင်း၊း  ကုန်သွယ်ရေးဆိပ်ကမ်းများဖြစ်သည့် Mohan (လာအို) နှင့် Houqiao (မြန်မာ) တို့ မကြာခဏပိတ်ထားသည်။

 လက်ရှိတွင် အလုပ်ဖွင့်ထားချိန်နှင့် ကုန်သွယ်မှုမှာ ပုံမှန်တည်ငြိမ်နေသည်။

 ဇူလိုင်လတွင် တရုတ်နိုင်ငံသို့ ငှက်ပျော အများဆုံးရောင်းချသည့်နိုင်ငံ မှာ ဖိလစ်ပိုင်ဖြစ်ပြီး ၎င်းနောက်တွင် ကမ္ဘောဒီးယားနှင့် အီကွေဒေါတို့ ရှိနေကြသည်။

 

ယခုနှစ် ပထမနှစ်ဝက်တွင် အီကွေဒေါငှက်ပျောသီးတင်ပို့မှု ပမာဏသည် ယခင်နှစ်ထက် သိသိသာသာ လျော့နည်းခဲ့သည်။

 

ကွန်တိန်နာများ အဆက်မပြတ် ပြတ်လပ်မှုနှင့် အခြား စားသုံးကုန် ကုန်ကျစရိတ်များ မြင့်တက်လာခြင်းအပြင် ထုတ်လုပ်မှု ကျဆင်းခြင်းကြောင့် ငှက်ပျောပို့ကုန် လျော့ကျခဲ့သည်။

 

တရုတ်ပြည်တွင်း ငှက်ပျောသီးကို Guangdong နှင့် Guangxi တို့ထံမှ ရရှိသည်။ နွေရာသီသည် ပုံမှန်အားဖြင့် တရုတ်နိုင်ငံတွင် ငှက်ပျောသီးစားသုံးမှု ‌လျော့ကျသဖြင့် အရောင်းအေးသည်။ ဆောင်းဦးတွင် ရောင်းအား ပြန်တက်သည်။

ယူနန်ငှက်ပျောသီးကို အောက်တိုဘာလနှောင်းပိုင်းမှ ဈေးကွက်ထဲသို့ စတင်ရောက်ရှိလာသည်။

Source freshplaza

#MyanmarFoodIndustryGuide
Telegram Channel https://t.me/Guid4U

 

Read times
Rate this item
(0 votes)