Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဘဲသားမှိုအချိုချက်

ဒီကနေ့တင်ပြမည့် ဟင်းချက်နည်းလေးကတော့ ဘဲသားမှိုအချိုချက်နည်း

ဖြစ်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ဘဲတစ်ကောင်၊ ကြက်သားမှုန့်အနည်းငယ်၊ ဆား အနည်းငယ်၊ သံပရာရည်အနည်းငယ်၊ ဆီအနည်းငယ်၊ သကြားအနည်းငယ်၊ ကြက်သွန်နီ အနည်းငယ်၊ ကြက်သွန်ဖြူအနည်းငယ်၊ မှိုအနည်းငယ်တို့ လိုအပ်ပါတယ်။

ဘဲသားကို သန့်စင်အောင်ရေဆေးပြီး ကြက်သားမှုန့်၊ ဆား၊ သံပရာရည်တို့ဖြင့်ပြီး အရသာပိုကောင်းအောင် မိနစ် ၃၀ ခန့် နှပ်ထားသင့်ပါတယ်။

ဒယ်အိုးထဲသို့ ဆီထည့် သကြားအနည်းငယ်ထည့်ပြီး အပူပေးထားပါ။ သကြားများပျော်လာသည်နှင့် အိုးကို အနည်းငယ်မကာ ဟိုဖက်၊ ဒီဖက်စောင်းပေးပါ။ သကြားများ အရောင်ပြောင်းသွားလျှင် အိုးကိုမီးဖိုမှ ခဏဖယ်ပြီး နှပ်ထားသော ဘဲသားကို ထည့်ပေးပါ။

ပြီးလျှင် မီးဖိုပေါ်ပြန်တင်ကာ အသားအားလုံး အရောင်ပြောင်းသွားအောင် ဟိုဖက်၊ ဒီဖက် လှန်ပြီးကြော်ပေးပါ။ ဘဲသားအားလုံး အရောင်ပြောင်းသွားလျှင် မီးအပူရှိန်ကို အမြင့်ဆုံးသို့တိုး၍ ကြက်သွန်နီနှင့် မှိုထည့်ကာ အပေါ်အောက်မွှေပေးပြီး မိနစ်အနည်းငယ်ကြာ တည်ထားပေးပါ။

ကြက်သွန်နီနွမ်းသွားလျှင် ရေနွေးအနည်းငယ်ထည့်ကာ အိုးအဖုံးဖုံး၍ မီးကို အနိမ့်မမြင့်လေးပေးပြီး အရည်ခမ်း ဆီပြန်လာအောင် တည်ပေးပါ။ အသားများနူးရန် လိုအပ်ပါက ရေနွေးအနည်းငယ်ထပ်ထည့်ပြီး ဆက်တည်ပေးရန်လိုအပ်ပါတယ်။ ပြီးလျှင် အပေါ့အငန်မြည်းကာ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 17:00
Rate this item
(2 votes)