Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်နံရိုးနှင့် ကြံမဆိုင်အရည်သောက်ချက်

ဒီကနေ့တင်ပြမည့်အကြောင်းကတော့ ဆိုင်တွင် သွားရောက်စားသောက်စရာမလိုဘဲ

အိမ်တွင်လည်း လွယ်လင့်တကူ ချက်ပြုတ်နိုင်တဲ့ ၀က်နံရိုးနှင့် ကြံမဆိုင် အရည်သောက် ချက်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်နံရိုး၊ ကြံမဆိုင်၊ ခရမ်းချဉ်သီး၊ ပန်းပွင့်၊ ပဲပြား၊ ဘိုစားပဲ၊ ပြောင်းဖူးအသေး၊ ကြက်သွန်မြိတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ဆား ငရုတ်သီးတောင့်နီ၊ သံပရာသီး၊ ကြက်သားမှုန့်၊ သကြား တို့ လိုအပ်ပါမယ်။

 

ပထမဆုံး ၀က်နံရိုးများကို ဆား၊ ကြက်သားမှုန့်တို့ဖြင့် သမအောင် ရောနုယ်ထားပါ။

 

ပြီးနောက် ဒယ်အိုးတစ်ခုထဲ ရေထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။

 

ရေဆူလာလျှင် ၀က်နံရိုးများထည့်ပြီး နူးအောင် မိနစ်အနည်းငယ်ကြာအောင် မီးပြင်းပြင်းနှင့် အိုးအဖုံးအုပ်၍ တည်ပေးပါ။

 

နောက်မှ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်း၊ ငရုတ်သီးတောင့်၊ ပန်းပွင့်၊ ဘိုစားပဲ၊ ပြောင်းဖူးအသေး တို့ကို ထည့်ပြီး ရောမွှေလိုက်ပါ။

 

ပြီးရင်တော့ ကြံမဆိုင်၊ ပဲပြား၊ ခရမ်းချဉ်သီး တို့ကို ထည့်လိုက်ပါ။

 

အရသာအတွက် ဆား၊ ကြက်သားမှုန့်၊ သကြား၊ သံပရာရည် တို့ကို ထည့်ပြီး သမအောင် ရောမွှေလိုက်ပါ။

 

အရသာအနေတော်ဆိုရင်ဖြင့် အပေါ်ယံမှ ကြက်သွန်မြိတ်များအုပ်လိုက်ပြီးရင်တော့ ၀က်နံရိုးနှင့် ကြံမဆိုင် ဟင်းချိုကို ထမင်းပူပူလေးနှင့် မြိန်ယှက်စွာ သုံးဆောင်နိုင်ပါတယ်။

Read times Last modified on Wednesday, 19 September 2018 11:28
Rate this item
(1 Vote)