Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကမ္ဘာ့ငှက်ပျောကုန်သွယ်မှု မကြုံစဖူး ကြီးထွား

ကမ္ဘာ့ငှက်ပျောကုန်သွယ်မှု မကြုံစဖူး ကြီးထွား

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

 

 

မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့ငှက်ပျောကုန်သွယ်မှုသည် မကြုံစဖူး အမြင့်ဆုံးသို့ တိုးလာခဲ့သည်။

.

ငှက်ပျောသီးသည် ကမ္ဘာပေါ်တွင် ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှု နှင့် စားသုံးမှု အများဆုံး အသီးများထဲမှ တစ်ခုဖြစ်သည်။

ကမ္ဘာပေါ်တွင် ငှက်ပျောသီး အမျိုးပေါင်း ၁၀၀၀ ကျော် ရှိသည်။

.

အရောင်းအ၀ယ်အများဆုံး အမျိုးအစားမှာ Cavendish ငှက်ပျောသီးဖြစ်ပြီး နှစ်စဉ် ထုတ်လုပ်မှုပမာဏ တန်ချိန် သန်း ၅၀ ရှိသည်။ ကမ္ဘာတစ်ဝှမ်း ထုတ်လုပ်မှု၏ ထက်ဝက်ခန့် ရှိသည်။

ငှက်ပျောသီးသည် ဖွံ့ဖြိုးမှုအနည်းဆုံးနှင့် ဝင်ငွေနည်းပြီး စားနပ်ရိက္ခာ မဖူလုံသော နိုင်ငံအချို့တွင် ငှက်ပျောသီးသည် အထူးတလည် အရေးပါသည်။ အိမ်ထောင်စုများ၏ အဓိက အာဟာရ အဖြစ် စားသုံးကြရသည်။ တစ်ဖက်တလမ်းမှ ဝင်ငွေ ရရှိစေသည်။ 

.

 ကမ္ဘာ့ငှက်ပျောကုန်သွယ်မှုသည် မကြာသေးမီနှစ်များအတွင်း မကြုံစဖူး အမြင့်ဆုံးသို့ တိုးမြင့်လာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် တင်ပို့မှုပမာဏမှာ တန်ချိန် ၂၁ သန်းခန့်ရှိသည်။

ငှက်ပျောသီး အများဆုံးတင်ပို့သည့် နိုင်ငံများမှာ အီကွေဒေါနှင့် ဖိလစ်ပိုင်တို့ ဖြစ်သည်။

ငှက်ပျောသီး အများဆုံး တင်သွင်းသည့် နိုင်ငံများမှာ တရုတ်နှင့် ဥရောပသမဂ္ဂ (အီးယူ) တို့ ဖြစ်သည်။ 

တရုတ်နိုင်ငံမှ နှစ်အလိုက် မူရင်းနိုင်ငံအလိုက် ငှက်ပျောသီး တင်သွင်းသည့် စာရင်းကို ဖော်ပြအပ်ပါသည်။

 

china_import_banana_list.jpg

 

Source: fao.org

Read times Last modified on Thursday, 20 October 2022 17:10
Rate this item
(0 votes)