Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ကြက်သားလုံးချိုချဉ်ကြော်

ယနေ့ လူငယ်များအကြိုက် ဟင်းတစ်ခွက်ဖြစ်သည့် ကြက်သားလုံးချိုချဉ်ကြော်

ချက်နည်းလေးကို တင်ပြပေးလိုက်ပါတယ်။

လိုအပ်သည့်အမယ်များကတော့ ကြက်သား ၃၀ ကျပ်သား၊ ကြက်ဥ ၁ လုံး၊ ကော်မှုန့်အနည်းငယ်၊ သကြားအနည်းငယ်၊ ကြက်သွန်ဖြူ ၁ လုံး၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ကြက်သွန်နီ ၃ လုံး၊ မုန်လာဥနီ အနည်းငယ်၊ ပြောင်းဖူးအသေး အနည်းငယ်၊ ငရုပ်ပွ အနည်းငယ်၊ ဆီ အနည်းငယ်၊ ပန်းကော်ဖီပွင့် အနည်းငယ်၊ တရုတ်နံနံအနည်းငယ်၊ ဗိုလ်စားပဲအနည်းငယ်နှင့် ခရမ်းချဉ်သီးအနည်းငယ်တို့ လိုအပ်ပါမယ်။

ကြက်သားကို နုတ်နုတ်စဉ်းထားပြီး ဆား၊ ငရုတ်ကောင်း၊ ကြက်သားမှုန့်အနည်းငယ်နှင့်နယ်၍ အလုံးလေးများ လုံးထားပါ။

ပြီးနောက် ကြက်သွန်ဖြူကို ဓားပြားဖြင့် ရိုက်ထားပါ။ ကြက်ဥကို ကော်မှုန့်၊ သကြားနှင့် ဗနီဂါထည့်၍ ခေါက်ထားပါ။ ပန်းပွင့်၊ ငရုတ်ပွ၊ မုန်လာဥနီ၊ ပြောင်းဖူး၊ ခရမ်းချဉ်သီး၊ ဗိုလ်စားပဲများကို သီးသန့်လှီးဖြတ်ထားပါ။

ပထမဦးဆုံး ဒယ်အိုးထဲဆီထည့်ပြီး ကြက်သားလုံးများကိုကြော်၍ သတ်သတ်ဖယ်ထားပါ။ ပြီးလျှင် ကြက်သွန်ဖြူကို ထည့်၍ ဆီသတ်ပါ။ ၎င်းနောက် ပန်းပွင့်၊ ပြောင်းဖူး၊ မုန်လာဥနီကို အရင်ဆုံး ထည့်၍ ကြော်ပါ။

နောက် ဗိုလ်စားပဲ၊ ငရုတ်ပွကို ထပ်ထည့်ပါ။ ပဲငံပြာရည်နှင့် ကြက်သားမှုန့်အနည်းငယ်ထည့်ပါ။ အားလုံး မနွမ်းတနွမ်းအချိန်မှာ ခရမ်းချဉ်သီးနှင့် တရုတ်နံနံပင်ထည့်ပြီး ကြော်ထားသော ကြက်သားလုံးများထည့်၍ မွှေလိုက်ပါ။ ပြီးလျှင် ခေါက်ထားသော ကြက်ဥကို ထည့်၍ကြော်ပါ။

အရသာကို မြည်းစမ်းပြီးလျှင် မီးဖိုပေါ်မှချပြီး၍ ကြက်သားလုံး ချိုချဉ်ကြော်ကို အသင့်သုံးဆောင်ပါပြီ။

Read times Last modified on Thursday, 13 September 2018 16:48
Rate this item
(2 votes)