Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ် "ဝက်သားဘုရင်" WH Group ဥရောပဈေးကွက်တွင် ချဲ့ထွင်

တရုတ် "ဝက်သားဘုရင်" WH Group ဥရောပဈေးကွက်တွင် ချဲ့ထွင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

WH Group ဥက္ကဋ္ဌ နှင့် စီအီးအို Wan Long ကို တရုတ်မီဒီယာတို့က  "ဝက်သားဘုရင်" ဟုခေါ်ဝေါ်ကြသည်။ တရုတ်နိုင်ငံတွင် ဝက်သားဘုရင်များ ရှိကြရာ၌ နောက်ထပ်ဝက်သားဘုရင်မှာ ကမ္ဘာ့အချမ်းသာဆုံး မွေးမြူရေးသမား Mr Qin ဖြစ်ပါသည်။ 

 


ဆက်စပ်ဖတ်ရှုရန် 

တရုတ်၏ဝက်သားဘုရင်နှင့် ကမ္ဘာ့အချမ်းသာဆုံး မွေးမြူရေးသမား Mr Qin

https://www.foodindustrydirectory.com.mm/food-industry/cuisine/chinese/item/3031-mr-qin.html

 


.

WH Group သည် ဝက်မွေးမြူခြင်း၊ လတ်ဆတ်သောဝက်သားကို လက်ကားရောင်းချခြင်း၊ ဝက်အူချောင်းများနှင့် အခြားပြုပြင်ပြီး ဝက်သားအခြေပြု စားသောက်ကုန်များ ထုတ်လုပ်ခြင်းနှင့် လက်လီရောင်းချခြင်းတို့ဖြင့် တရုတ်နိုင်ငံတွင် ခိုင်မာစွာ ရပ်တည်လျက် ရှိသည်။

.

Wan Long သည် တရုတ်နိုင်ငံတွင် ဈေးကွက်စီးပွားရေးအဖြစ်သို့ ကူးပြောင်းစဉ် ကြီးပွားချမ်းသာလာခဲ့သည်။

Wan ကို ၁၉၄၀ ခုနှစ် စက်တင်ဘာလတွင် ဟီနန်ပြည်နယ်၌ မွေးဖွားခဲ့သည်။

၁၉၆၀ တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်တွင် မီးရထားစစ်သားအဖြစ် တာဝန် စတင်ထမ်းဆောင်ခဲ့သည်။

တပ်မှ အနားယူပြီးနောက် ဝမ်သည် ၁၉၆၈ ခုနှစ်တွင် ဟီနန်ပြည်နယ်ရှိ အသားထုတ်လုပ်သည့် စက်ရုံတွင် စတင်လုပ်ကိုင်ခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ပြည်နယ်အစိုးရမှ စတင်လည်ပတ်ခဲ့သည့် စက်ရုံဖြစ်သည်။ Wan သည် ၁၉၈၄ ခုနှစ်တွင်မန်နေဂျာ ဖြစ်လာသည်။

စက်ရုံသည် ၁၉၈၇ ခုနှစ်မှစ၍ ဆိုဗီယက်ပြည်ထောင်စုသို့ ဝက်သားတင်ပို့ခြင်းဖြင့်အမြတ်အစွန်း ရရှိခဲ့သည်။

ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသောအခါ စက်ရုံမှ တင်ပို့မှုများ ရပ်သွားသည်။ ဝင်ငွေအကြီးအကျယ် ကျဆင်းသွားသည်။

Shuanghui အမှတ်တံဆိပ်ဖြင့် ၁၉၉၂ ခုနှစ်တွင် စက်ရုံမှ ဝက်အူချောင်းများ ပထမဆုံးအကြိမ် စတင်ထုတ်လုပ်ခဲ့သည်။ ရောင်းအား ကောင်းခဲ့သည်။ Shuanghui ဝက်အူချောင်းကို တရုတ်ဈေးကွက်တွင် ယနေ့တိုင် ရနိုင်ပါသည်။

ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများထံမှ အရင်းအနှီးများဖြင့် Wan က စက်ရုံကို အစိုးရထံမှ အပြီးအပိုင် ဝယ်ယူခဲ့ပြီး WH ပုဂ္ဂလိကပိုင် စက်ရုံအဖြစ်သို့ ပြောင်းလဲသည်။ ထုတ်လုပ်ရေးလိုင်း အသစ်များ ထပ်ဖြည့်ထည့်သည်။ စက်ရုံအဆောက်အဦ အသစ်များလည်း ဆောက်လုပ်ပြီး လုပ်ငန်းကို ချဲ့ထွင်သည်။

.

အမေရိကန်မှ ဝက်သားနှင့် ဝက်သားအခြေပြု ထုတ်ကုန်များ ထုတ်လုပ်သည့်  Smithfield ကို ကန်ဒေါ်လာ ၇.၁ ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီး ကမ္ဘာ့ဈေးကွက်ထဲ ရပ်တည်သော ကုမ္ပဏီဖြစ်လာခဲ့သည်။

အမေရိကန် စိုက်ပျိုးရေးဌာနမှ အချက်အလက်များအရ အမေရိကန်နှင့် တရုတ်နိုင်ငံ နှစ်နိုင်ငံ စုစုပေါင်း ဝက်သား ထုတ်လုပ်မှုသည် ကမ္ဘာ့ဝက်သားထုတ်လုပ်မှုနှင့် စားသုံးမှု၏ ၆၀% ခန့်ရှိသည်။

Smithfield ကို WH က ပိုင်ဆိုင်သွားသည့်အတွက်  အမေရိကန် အထက်တန်းစား ဝက်သားများကို တရုတ်ပြည်သို့ တင်သွင်းပြီး ပြည်ပမှ အဆင့်မြင့် ဝက်သားကို ရွေးချယ်သည့် တရုတ်စားသုံးသူများကို ရောင်းချနိုင်သည့် အခြေအနေကို WH ရရှိသွားသည်။

 

wh_group_757838.png

.

ယခုအခါ WH Group ၏ ရောင်းအားတွင် အမေရိကန်ဈေးကွက်နှင့် တရုတ်ဈေးကွက်တို့၏ စုစုပေါင်း ရောင်းအား ၉၀% ခန့် ရှိနေသည်။ တရုတ်နှင့် အမေရိကန် ၂ နိုင်ငံတည်းအပေါ် အားကိုးအားထားပြုနေရခြင်းကို လျှော့ချရန် ကြိုးပမ်းအားထုတ်နေသည်။

ကြီးမားသည့် ဥရောပဈေးကွက်တွင် ချဲ့ထွင်ခြင်းဖြင့် ဝင်ငွေ ပိုများလာအောင် လုပ်ဆောင်နေသည်။

.

WH သည် ၂၀၁၇ ခုနှစ်တွင် ပိုလန်မှ အသားထုတ်လုပ်ရေး လုပ်ငန်း သုံးခုကို ဝယ်ရယူခဲ့သည်။ ထို့ပြင် ၎င်းနှစ်မှာပင် ပိုလန်မှ အသားလုပ်ငန်း Pini Polonia ၏ အစုရှယ်ယာ ၃၀% ကို ဝယ်ယူခဲ့ပြီး ၂၀၁၉ တွင် ကုမ္ပဏီ တစ်ခုလုံးကို ဝယ်ယူခဲ့သည်။ အပြည့်အဝ ပိုင်ဆိုင်သော လက်အောက်ခံ လုပ်ငန်းခွဲအဖြစ် ထားရှိသည်။

၂၀၂၁ တွင် စလိုဗက်ကီးယားနှင့် ဟန်ဂေရီရှိ အသားထုတ်ကုန်လုပ်ငန်း Mecom Group ကို ဝယ်ယူခဲ့သည်။

.

 WH သည်ဥရောပဝက်သားထုတ်ကုန်လုပ်ငန်းများကို ဝယ်ယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကုမ္ပဏီ၏ ၈၂ နှစ်အရွယ်ဥက္ကဋ္ဌနှင့် စီအီးအို ဖြစ်သူ 'ဝက်သားဘုရင်'  Wan Long မှပြောကြားခဲ့သည်။

၎င်းက တရုတ်နှင့်ဥရောပတို့တွင် ကြက်မွေးမြူရေးလုပ်ငန်း တိုးချဲ့ရန် WH ၏ အစီအစဉ် ရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

.

၂၀၂၂ ခုနှစ် ပထမနှစ်ဝက် WH ဝင်ငွေ စုစုပေါင်း၏ ၁၀% ကို ဥရောပဈေးကွက်မှ ရရှိသည်။ အမေရိကန်နှင့် မက္ကဆီကို ဈေးကွက်များထံမှ ၅၇%၊ တရုတ်ဈေးကွက်ထံမှ ၃၃% ရရှိသည်။

.

ဝက်ပေါင်ခြောက်နှင့် ဝက်အူချောင်းကဲ့သို့သော ပြုပြင်ထားသော အသားထွက်ကုန်များ ရောင်းချခြင်းထံမှ ဝင်ငွေစုစုပေါင်း၏ ၅၀% နီးပါး ရရှိသည်။

.

ယခုအခါ WH သည် ဟောင်ကောင် စတော့ အိပ်ချိန်း စာရင်းဝင် ကုမ္ပဏီ ဖြစ်သည်။

ဝက်သားထွက်ကုန် ကမ္ဘာ့လုပ်ငန်းကဏ္ဍ အချက်အလက်များ မရှိသဖြင့် အသေအချာ မသိကြရသော်လည်း WH က ကမ္ဘာ့အကြီးဆုံး ဝက်သားထွက်ကုန်လုပ်ငန်းဟု ဆိုသည်။ 

Source nikkei asia

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U 

 

 

Read times Last modified on Thursday, 17 November 2022 18:01
Rate this item
(0 votes)