Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်း တန်ချိန် ၅ သောင်းကျော် တင်ပို့ခဲ့

တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်း တန်ချိန် ၅ သောင်းကျော် တင်ပို့ခဲ့

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ယခုဘဏ္ဍာရေးနှစ် ဧပြီလ ၁ ရက်မှ အောက်တိုဘာလကုန် အထိ ၇ လတာကာလအတွင်း မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့မှု ပမာဏ စုစုပေါင်းမက်ထရစ်တန်ချိန် ၅၃,၁၇၄ ဒသမ ၅၈၃ တန်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ် လာ ၁၃၄ ဒသမ ၅၃၇ သန်းခန့် တင်ပို့နိုင်ခဲ့ကြောင်းစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ထံမှ သိရသည်။

.

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းတင်ပို့သည့် နိုင်ငံများအနက် ဒုတိယ အများဆုံးတင်ပို့နေသောနိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံမှ ထွက်ရှိ သော ရေထွက်ပစ္စည်းများကို တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိစေရန်အတွက် တရုတ်ပြည်သူ့အထွေထွေ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ (GACC) နှင့် ချိတ်ဆက် ဆောင်ရွက်ရကြောင်းသိရသည်။ ယခုအခါ မြန်မာနိုင်ငံရှိ ငါး၊ ပုစွန်ပြုပြင်ထုတ်လုပ်စက်ရုံ ၅၈ ရုံနှင့် အရှင်ထုပ်ပိုးသိုလှောင်ရုံ ၂၂ ရုံက ထုတ်လုပ်သော ရေထွက်ပစ္စည်းများကိုတရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရရှိထားပြီးဖြစ်သည်။

လက်ရှိတွင် သဘာဝမှ ဖမ်းဆီးရမိသောရေထွက် ပစ္စည်းများကိုသာ တရားဝင် တင်ပို့ခွင့်ရရှိသော ကြောင့် နောင်တွင် မွေးမြူရေး ရေထွက်ကုန်များကိုလည်း တင် ပို့ခွင့်ရရှိစေရန် ငါးလုပ်ငန်းဦးစီး ဌာနနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေး အာဏာပိုင်အဖွဲ့ (GACC) တို့အကြား ဆွေးနွေးညှိ နှိုင်းမှုများ ပြုလုပ်လျက်ရှိသည်။

Source MDN

 TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Monday, 14 November 2022 18:05
Rate this item
(0 votes)