Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ဝက်သားလုံး ချိုချဉ်ကြော်

ချဉ်ငံစပ်မစားချင်သူများအတွက် တရုတ်အစားအစာဖြစ်တဲ့ ၀က်သားလုံးချိုချဉ်ကြော်နည်းကလေးကို တင်ပြပေးလိုက်ပါတယ်။

 

လိုအပ်သည့်အမယ်များကတော့ ၀က်သား၊ ပန်းဂေါ်ဖီ၊ ခရမ်းချဉ်သီး၊ မုန်လာဥနီ၊ ဘလိုကိုလီ၊ ဗိုလ်စားပဲသီး၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ တရုတ်မဆလာ၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ တရုတ်နံနံ၊ Sweet and Sour Sauce နှင့် ပြောင်းဖူးမှုန့်တို့ ဖြစ်ပါတယ်။

 

ဝက်သားကိုသန့်စင်ဆေးကြောပြီး ကြိတ်စက်တွင် ကြိတ်ပါ။ ပြီးလျှင် ကြိတ်ထားသောဝက်သားကို ကြက်သွန်ဖြူနှင့် ဂျင်းထောင်းပြီးသား၊ ပဲငံပြာရည်အနောက်၊ ပဲငံပြာရည်အကြည်၊ တရုတ်မဆလာ၊ သကြား၊ ဆား၊ ဟင်းခတ်မှုန့်၊ ပြောင်းဖူးမှုန့်တို့ထည့်၍ လက်ဖြင့် သမအောင်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပါ။ ပြီးနောက် နှပ်ထားသော ၀က်သားကို အလုံးဖြစ်အောင်လုံးလိုက်ပါ။

 

ဝက်သားလုံးနှပ်ထားသည့်အချိန်တွင် မုန်လာဥနီကို ပါးပါးလှီးပြီး ခရမ်းချဉ်သီးကို ၄ စိတ်စိတ်ထားပါ။ ပန်းဂေါ်ဖီနှင့် ဘလိုကိုလီကိုလည်း လှီးထားပါ။ ဗိုလ်စားပဲကို ခပ်စောင်းစောင်းလေးလှီးထားပါ။ ကြက်သွန်ဖြူနှင့် ဂျင်းကို ထပ်ထောင်းထားပါ။



ဒယ်အိုးထဲမှာ ဆီ ထည့်ပါ။ ဆီကျက်ပြီဆိုလျှင် လုံးထားသော ၀က်သားများကို မီးအေးအေးထဲ ထည့် ကြော်ပါ။ နီလာလျှင် ဆယ်ယူ၍ ပန်းကန်ထဲထည့်ထားပါ။


နောက်ထပ် ဒယ်အိုး အလွတ် တစ်လုံးထဲ ဆီထည့်ပါ။ ကြက်သွန်ဖြူ ၂မွှာနှင့် ဂျင်း လက်၁ဆစ် ထောင်းထားပြီးသားကို ဆီသတ်ပါ။

 

ဘလိုကိုလီ၊ ပန်းဂေါ်ဖီ၊ မုန်လာဥနီထည့်၍ ကြော်ပါ။ ပြီးလျှင် ကြော်ထားပြီးသော ၀က်သားထည့်၊ Sweet and Sour Sauce နှင့် ခရမ်းချဉ်သီးပါ ထည့်ရပါမယ်။

 

ဟင်းကျက်လို့ မီးဖိုပေါ်မှ ချခါနီး အချိန်မှ တရုတ်နံနံ အုပ်ပေးရပါမယ်။ ပြီးလျှင် ၀က်သားလုံးချိုချဉ်ကြော်ကို အသင့်စားသုံးနိုင်ပြီ။

Read times Last modified on Wednesday, 19 September 2018 11:16
Rate this item
(1 Vote)