Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


ရှန်းရှီးပြည်နယ် တရုတ်ပန်းသီး အရှေ့တောင်အာရှဈေးကွက်ထဲ ချဲ့ထွင်

ရှန်းရှီးပြည်နယ် တရုတ်ပန်းသီး အရှေ့တောင်အာရှဈေးကွက်ထဲ ချဲ့ထွင် 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

 ရှန်းရှီးပြည်နယ် လျိုချွမ်ခရိုင်မှာ စိုက်ပျိုးလို့ ဒေသအစွဲပြုပြီး လျိုချွမ်ပန်းသီးလို့ အမည်တွင်တဲ့ ပန်းသီးက အလုံးညီတယ်။ အရောင်အဆင်း လှတယ်။ 

 .

"ဒီမှာ ပန်းသီးစိုက်ခင်း ဟက်တာသုံးသောင်းကျော် ရှိတယ်။ ဖူဂျီပန်းသီးမျိုးကိုပဲ အစိုက်များတယ်။ တနှစ် တန်ချိန် ၃ သိန်းလောက်ထွက်တယ်။ ပြည်ပတင်ပို့တဲ့ ဈေးနှုန်းက အရင်နှစ်နဲ့ အတူတူပဲ။ မပြောင်းဘူး" လို့ Dalian Shocan Trading Co., Ltd မှ Claire Li က ပြောကြားသည်။

"အလုံးကြီးတာ သေးတာ ရာသီဥတုအပေါ် မူတည်တယ်။ ဒီနှစ် အလုံးကြီးကြီး နည်းတယ်။ အလုံးကြီးကြီးက ၂၀% လောက်ပဲ ရှိမယ်။ အလတ်နဲ့ အသေးက ၈၀% လောက် ရှိမယ်" လို့ အသီးအရွယ်အစားကို Claire Li က ပြောကြားသည်။

.

လက်ကားကုန်သည်များမှတစ်ဆင့် တရုတ်ပြည်တွင်း ဈေးကွက်ကို ရောင်းချသည်။ E-commerce ပလက်ဖောင်းများမှ တစ်ဆင့်လည်း ဈေးကွက်တင်သည်။ ထို့ပြင် ပြည်ပသို့လည်း တင်ပို့သည်။ ယခုအခါ အရှေ့တောင်အာရှ နိုင်ငံများ ဖြစ်သည့် စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တို့တွင် ဈေးကွက်ချဲ့ထွင်နေသည်ဟု Claire Li က ပြောပြသည်။

Source freshplaza 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 19 November 2022 18:03
Rate this item
(0 votes)