Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


၂၀၂၂ ခုနှစ် တရုတ်အာလူးဈေးကွက် ခန့်မှန်းချက်

၂၀၂၂ ခုနှစ် တရုတ်အာလူးဈေးကွက် ခန့်မှန်းချက်


တရုတ်အာလူးဈေးကွက်သည် ၂၀၂၃ ခုနှစ်တွင် တိုးတက်လာမည်ဟု မျှော်လင့်ရပြီး ယေဘုယျအားဖြင့် စျေးနှုန်းသည် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၅ မှ ၁၀% အထိ တိုးမြင့်လာမယ်လို့ မျှော်မှန်းထားပါတယ်။
ဇန်နဝါရီလမှ ဧပြီလအတွင်း ဈေးကွက်ထဲသို့ အဓိကအားဖြင့် လက်ကျန်အာလူးများနှင့် ဆောင်းအာလူးများ ပေးသွင်းကြမှာ ဖြစ်ပါတယ်။
လက်ကျန်နည်းပါးနေခြင်း၊ ဆောင်းအာလူး စိုက်ပျိုးမှု လျော့ကျခြင်းတို့ကြောင့် အာလူးဈေးတက်မယ်လို့ သုံးသပ်ကြပါတယ်။
စစ်တမ်းအရ Yunnan မှာ ၂၀ % ၊ Guizhou မှာ ၂၅% ၊ Guangxi မှာ ၁၂% နှင့် Guangdong မှာ ၁၀% ဆောင်းအာလူးစိုက်ပျိုးမှု လျော့နည်းနေပါတယ်။
အာလူးအသစ်များ ၂၀၂၂ အာလူးရာသီဖြစ်တဲ့ မေလမှ ဒီဇင်ဘာလအတွင်း ဈေးကွက်ထဲ လှိုင်လှိုင်ဝင်ပါမယ်။ ဒါပေမဲ့ ယမန်နှစ်က အရှုံးပေါ်ထားတဲ့ စိုက်ခင်းအများစုက ယခုနှစ်မှာ အာလူး မစိုက်ကြတော့တဲ့အတွက် အထွက်နည်းပါလိမ့်မယ်။
လောလောဆယ်မှာ ၂၀၂၂ အာလူးစိုက်ပျိုးရာသီအတွက် အစေ့ဝယ်ယူကြတာ ပြီးစီးပြီဖြစ်ပြီး နေရာဒေသအချို့မှာ အစေ့ဝယ်တဲ့ပမာဏ ယခင်နှစ်ထက် လျော့နည်းပါတယ်။ ဒီတော့ ၂၀၂၁ ထက် အာလူးစိုက်တာ ပိုနည်းလို့ အာလူးထွက်တာလည်း နည်းမှာ ဖြစ်ပါတယ်။
Source: zgsc9550

Read times Last modified on Wednesday, 09 February 2022 13:06
Rate this item
(0 votes)