Chinese

×

Warning

JUser: :_load: Unable to load user with ID: 540


RCEP ကြောင့် ဒူရင်းသီး တင်ပို့မှု မြန်ဆန်လွယ်ကူ

RCEP ကြောင့် ဒူရင်းသီး တင်ပို့မှု မြန်ဆန်လွယ်ကူ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

တရုတ်ပြည်မှ ဒူရင်းသီး နှစ်သက်သူတို့အတွက် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု Regional Comprehensive Economic Partnership RCEP ကြောင့် အရှေ့တောင်အာရှနိုင်ငံအချို့တို့ထံမှ ဒူရင်းသီးများ တရုတ်ပြည်တွင်းဈေးကွက်ထဲသို့ လှိုင်လှိုင်ဝင်နေသည်။

တရုတ်ပြည်တွင်းဈေးကွက်ထဲသို့ ဒူရင်းသီး အများဆုံး တင်ပို့နေသည့် နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး ဒုတိယအများဆုံးမှာ ဗီယက်နမ်နိုင်ငံ ဖြစ်သည်။ တတိယ အများဆုံးမှာ မလေးရှားနိုင်ငံ ဖြစ်သည်။ 

.

စက်တင်ဘာလနှောင်းပိုင်းတွင် တရုတ်နိုင်ငံတောင်ပိုင်း Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Youyiguan ဆိပ်ကမ်းသို့ လတ်ဆတ်သော ဗီယက်နမ်ဒူးရင်းသီး ၁၈.၂၄  မက်ထရစ်တန် တစ်သုတ်ရောက်ရှိလာသည်။

.

“ဒါဟာ Youyiguan ဆိပ်ကမ်းကနေတစ်ဆင့် ဗီယက်နမ်ဒူးရင်းသီးတွေကို ပထမဆုံးအကြိမ် တင်ပို့တာ ဖြစ်ပါတယ်။  ဗီယက်နမ်မှ Youyiguan စစ်ဆေးရေးဂိတ်သို့ ဒူးရင်းသီးများကို ပို့ဆောင်ရန် အချိန် နှစ်နာရီသာကြာခဲ့ပါတယ်။  ဒါကြောင့် ဒူးရင်းသီးရဲ့ လတ်ဆတ်မှုနဲ့ အရသာကို ပိုကောင်းအောင် ထိန်းသိမ်းထားနိုင်ပါတယ်" ဟု ၎င်းဒူရင်းသီး တစ်သုတ်ကို တင်သွင်သည့် တရုတ်နိုင်ငံမှ ဒူရင်းသီး သွင်းကုန်လုပ်ငန်း YH Global ဒုဥက္ကဋ္ဌ Qin Jun က ပြောကြားသည်။

RCEP ကြောင့် တရုတ်ပြည်သို့ ဒူရင်းသီး တင်သွင်းမှု ပိုများလာမည်ဖြစ်ပြီး ဈေးလည်း ပိုချိုမည် ဖြစ်သည်။

.

ယခင်နှစ်တွင် တရုတ်နိုင်ငံသည် ဒူရင်းသီး တန်ချိန် ၈၂၀,၀၀၀ တင်သွင်းခဲ့သည်။ တန်ဖိုးစုစုပေါင်း ကန်ဒေါ်လာ ၄.၂ ဘီလီယံ ရှိသည်။

.

“တရုတ်မှာ လူဦးရေ များတယ်။ ဒူရင်းသီး ကြိုက်တဲ့သူတွေလည်း များတယ်။ ဒီတော့ အရှေ့တောင်အာရှ နိုင်ငံတွေက တရုတ်ဈေးကွက်ကို အဓိကထားပြီး ပေးပို့တယ်။ သူတို့ရဲ့ ဒူရင်းသီးတွေက အပူပိုင်းဓေသ အသီးဆိုတော့ ထားသိုတာ စနစ်ကျမှ လတ်ဆတ်မှု တည်တံ့တယ်။ ပို့ဆောင်တာ ပိုမိုမြန်ဆန်လေ ကောင်းလေပဲ"

ဟု Song  က ပြောကြားသည်။ 

"RCEP အကောင်အထည် ဖော်လိုက်လို့ ဒူရင်းသီး‌တွေ အကောက်ခွန် ရှင်းလင်းရေး လုပ်ငန်းစဉ် ပိုသွက်သွားတယ်။ အခွန်လည်း လျော့ကျတယ်။ တရုတ်ပြည်ကို အသီးတွေ တင်သွင်းဖို့ အားပေးရာ ရောက်ပါတယ်" ဟု ၎င်းက ပြောကြားသည်။ 

 

အရှေ့တောင်အာရှမှ ဒူရင်းသီးများ တရုတ်ဈေးကွက်ထဲသို့ ယခုနှစ် ၂၀၂၂ ပထမ ၈ လတွင် တန်ချိန် ၃၈၀,၀၀၀ ဝန်းကျင် ရောက်ရှိခဲ့သည်။ တန်ဖိုးအားဖြင့်  ယွမ် ၅.၈၃ ဘီလီယံ (ကန်ဒေါ်လာ သန်း ၈၀၀) ရှိသည်။ 

ယခုအခါ မလေးရှား၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား အပါအဝင် နိုင်ငံ ၉ နိုင်ငံတို့မှ ဒူရင်းသီးအပါအဝင် အသီး ၆၆ မျိုးက တရုတ်ပြည်သို့  RCEP အရ တင်သွင်းရန် အတည်ပြုပေးထားပြီးပြီ ဖြစ်သည်။ 

Sourcce .plantationsinternational

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

Read times Last modified on Saturday, 19 November 2022 18:15
Rate this item
(0 votes)